ဆေးဝါးနှင့်စပ်လျဉ်းသည့် နည်းပညာနယ်ပယ်များတွင် တီထွင်မှုမူပိုင်ခွင့် စစ်‌ဆေးခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်

   ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့တွင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် “ ဆေးဝါးနှင့်စပ်လျဉ်းသည့် နည်းပညာနယ်ပယ်များတွင် တီထွင်မှုမူပိုင်ခွင့် စစ်‌ဆေးခြင်းဆိုင်ရာ အလုပ်ရုံ‌ဆွေးနွေးပွဲ” သို့ မြန်မာနိုင်ငံမှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဆောင်၍ ကိုယ်စားလှယ်(၂) ဦး တက်ရောက်ခဲ့ပါသည်။
  အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ(AMS) အကြား ဆေးဝါးနှင့်စပ်လျဉ်းသည့် နည်းပညာနယ်ပယ်များရှိ တီထွင်မှုမူပိုင်ခွင့် စစ်ဆေးခြင်းများ လက်တွေ့ဆောင်ရွက်မှုအပေါ်မျှဝေနိုင်ရန်၊ ဆေးဝါးနှင့်ဆက်စပ်သော နည်းပညာများအ‌ပေါ် တီထွင်မှုမူပိုင်ခွင့်စစ်ဆေးခြင်းအသိပညာများ ပိုမိုတိုးပွားစေရန်၊ အာဆီယံဒေသတွင်း ဟန်ချက်ညီသော ပေါင်းစည်းမှုကို ပိုမိုအားကောင်းစေရန် ရည်ရွယ်၍ကျင်းပခြင်းဖြစ်ပါသည်။ 
   အဆိုပါ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံမှတက်ရောက်သည့် ကိုယ်စားလှယ်များအနေဖြင့် မြန်မာနိုင်ငံ၏ တီထွင်မှုမူပိုင်ခွင့်စနစ် အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေ ၊ တီထွင်မှုမူပိုင်ခွင့်လျှောက်လွှာများ လက်ခံဆောင်ရွက်နေမှုအခြေအနေ နှင့် ဆေးဝါးနှင့်စပ်လျဉ်းသည့် တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာ ပြဋ္ဌာန်းချက်များတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသူများအသီးသီးမှ ဂျပန်နိုင်ငံ နှင့် အာဆီယံနိုင်ငံတို့တွင် ဆေးဝါးနှင့်စပ်လျဉ်း သည့် ဇီဝနည်းပညာများကို တီထွင်မှုမူပိုင်ခွင့် စစ်ဆေးဆောင်ရွက်မှုအခြေအနေ၊ ဆေးဝါးဆိုင်ရာ သုတေသနလုပ်ငန်းများ  ဆောင်ရွက်နေမှုအခြေအနေ နှင့် ခိုင်မာသော တီထွင်မှုမူပိုင်ခွင့်စစ်ဆေးခြင်းဆိုင်ရာ လမ်းညွှန်ချက်များ နှင့် အလေ့အကျင့်များ ချမှတ်ဆောင်ရွက်နေမှု အခြေအနေတို့ကို ဆွေးနွေးခဲ့ပါကြောင်း နှင့် ဆွေးနွေးပွဲသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ် စုစုပေါင်း ၂၀ ဦး တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။