ရသုံးမှန်းခြေငွေစာရင်းရေးဆွဲခြင်း သင်တန်း (သတင်းအပြည့်အစုံ)

ရသုံးမှန်းခြေငွေစာရင်းရေးဆွဲခြင်း သင်တန်း

(သတင်းအပြည့်အစုံ)

၁။         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်တွင် ထည့်သွင်းရေးဆွဲထားရှိသည့် သင်တန်း များကို ကုန်သွယ်ရေးဦးစီးဌာန ၊ ကုန်သွယ်မှုပညာပေးရေးဌာနခွဲအနေဖြင့် တာဝန်ယူအကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

၂။         အဆိုပါစီမံချက်အရ ရက်တိုသင်တန်းများ ဖွင့်လှစ်ပို့ချလျက်ရှိရာ ရသုံးမှန်းခြေငွေစာရင်း ရေးဆွဲခြင်း သင်တန်း နှင့်ပတ်သက်၍ သိကောင်းစရာများကို ၂၀၂၅ ခုနှစ် ၊ ဇူလိုင်လ (၂၁) ရက်နေ့မှ (၂၂) ရက်နေ့အထိ နံနက် (၁၀:၀၀) နာရီ မှ (၁၂:၀၀) နာရီအချိန်ထိ ကုန်သွယ်ရေးဦးစီးဌာန ၊ ဧရာဝတီခန်းမ၌ သင်ကြား ပို့ချခဲ့ပါသည်။

၃။         သင်တန်းအား သင်တန်းစည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ခဲ့ပြီး ကုန်သွယ်ရေးဦးစီးဌာန၊ အရာထမ်း ၊ အမှုထမ်း စုစုပေါင်း(၂၀)ဦးတို့ တက်ရောက်ခဲ့ပြီး သင်တန်းနည်းပြအဖြစ် ငွေစာရင်းဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မိုးက ဆွေးနွေးပို့ချခဲ့ပါသည်။