လုပ်ငန်းခွင်သုံး ဥပဒေများဆိုင်ရာ အသိပညာပြန့်ပွားရေးသင်တန်း အမှတ်စဉ် (၂/၂၀၂၅) (သတင်းအပြည့်အစုံ)
လုပ်ငန်းခွင်သုံး ဥပဒေများဆိုင်ရာ အသိပညာပြန့်ပွားရေးသင်တန်း အမှတ်စဉ် (၂/၂၀၂၅)
(သတင်းအပြည့်အစုံ)
၁။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရှိ ဝန်ထမ်းများအနေဖြင့် ဌာနကကျင့်သုံး နေသည့် ဥပဒေများ သိရှိလေ့လာနိုင်ရန် နှင့် ဥပဒေကိုလေးစားလိုက်နာသော နိုင်ငံဝန်ထမ်းကောင်း များဖြစ်စေရန်ရည်ရွယ်၍ ဖွင့်လှစ်သော လုပ်ငန်းခွင်သုံး ဥပဒေများဆိုင်ရာ အသိပညာပြန့်ပွားရေး သင်တန်းအမှတ်စဉ်(၂/၂၀၂၅) သင်တန်းဖွင့်ပွဲ အခမ်းအနား ကို ၂၀၂၅ ခုနှစ်၊ ဇွန်လ (၃၀) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရုံးအမှတ် (၃) မြေညီထပ်ရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
၂။ သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီးဦးမင်းမင်း က အဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်းဖွင့်ပွဲသို့ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများ နှင့် အရာထမ်းသင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၉၈) ဦးတို့ တက်ရောက်ခဲ့ကြပါသည်။
၃။ အဆိုပါသင်တန်းအား ၂၀၂၅ ခုနှစ်၊ ဇွန်လ(၃၀) ရက်နေ့မှ ဇူလိုင်လ (၁၄) ရက်နေ့ အထိ (စနေ၊ တနင်္ဂနွေ) ရုံးပိတ်ရက်များမှအပ (၁၀) ရက်ကြာ ဖွင့်လှစ်မည်ဖြစ်ပြီး ပြည်ထောင်စုဝန်ကြီးရုံးမှ အရာထမ်း(၁၀)ဦး၊ ကုန်သွယ်ရေးဦးစီးဌာနမှ အရာထမ်း(၄၅)ဦး၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ တို့မှ အရာထမ်း(၁၅)ဦး၊ စုစုပေါင်းအရာထမ်း(၇၀) ဦး တက်ရောက်မည်ဖြစ်ပါသည်။