Incoterms သင်တန်း (သတင်းအပြည့်အစုံ)
Incoterms သင်တန်း
(သတင်းအပြည့်အစုံ)
၁။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက် အရ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်တွင် ထည့်သွင်းရေးဆွဲထားရှိသည့် သင်တန်း များကို ကုန်သွယ်ရေးဦးစီးဌာန ၊ ကုန်သွယ်မှုပညာပေးရေးဌာနခွဲအနေဖြင့် တာဝန်ယူအကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
၂။ အဆိုပါစီမံချက်အရ ရက်တိုသင်တန်းများ ဖွင့်လှစ်ပို့ချလျှက်ရှိရာ “Incoterms အကြောင်း သိကောင်းစရာများ” ကို ၂၀၂၅ ခုနှစ် ၊ မေလ (၂၁) ရက် နေ့မှ (၂၂) ရက်နေ့အထိ နံနက် (၁၀:၀၀) နာရီ မှ (၁၂:၀၀) နာရီအချိန်ထိ ကုန်သွယ်ရေးဦးစီးဌာန ၊ MultiMedia ခန်းမ၌ သင်ကြားပို့ချခဲ့ပါသည်။
၃။ အဆိုပါ သင်တန်းတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဆောင်ပုဒ်၊ ရည်မှန်းချက်၊ မျှော်မှန်းချက်၊ ကုန်သွယ်ရေးဦးစီးဌာန၏ ဆောင်ပုဒ်၊ ရည်မှန်းချက်၊ မျှော်မှန်းချက်တို့ နှင့်အတူ Incoterms ဖြစ်ပေါ်လာပုံသမိုင်းကြောင်း ၊ Incoterms ၏ အဓိကဆောင်ရွက်ချက်များကို သိရှိနားလည်စေနိုင်ရန် ရည်ရွယ်၍ စာတွေ့လက်တွေ့သင်ကြားပေးခဲ့ပါသည်။
၄။ သင်တန်းအား သင်တန်းစည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ခဲ့ပြီး ကုန်သွယ်ရေးဦးစီးဌာန၊ အရာထမ်း ၊ အမှုထမ်း စုစုပေါင်း(၂၀)ဦးတို့ တက်ရောက်ခဲ့ပြီး သင်တန်းနည်းပြအဖြစ် ကုန်သွယ်မှု မူဝါဒဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဇော်မိုးမှ ဆွေးနွေးပို့ချခဲ့ပါသည်။