HS Code သင်တန်း (သတင်းအပြည့်အစုံ)

HS Code သင်တန်း

(သတင်းအပြည့်အစုံ)

၁။         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက် အရ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်တွင် ထည့်သွင်းရေးဆွဲထားရှိသည့် သင်တန်းများကို ကုန်သွယ်ရေးဦးစီးဌာန ၊ ကုန်သွယ်မှုပညာပေးရေးဌာနခွဲအနေဖြင့် တာဝန်ယူ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါသည်။

၂။         အဆိုပါစီမံချက်အရ ရက်တိုသင်တန်းများ ဖွင့်လှစ်ပို့ချလိုက်ရှိရာ “HS Code အကြောင်း သိကောင်းစရာများ ” ကို ၂၀၂၅ ခုနှစ် ၊ မေလ (၁၉) ရက် နေ့မှ (၂၀) ရက်နေ့အထိ နံနက် (၁၀:၀၀) နာရီမှ (၁၂:၀၀) နာရီအချိန်ထိ ကုန်သွယ်ရေးဦးစီးဌာန ၊ Multi Media ခန်းမ၌  သင်ကြားပို့ချခဲ့ ပါသည်။

၃။         အဆိုပါသင်တန်းတွင် HS Code အသုံးပြုသည့် အဖွဲ့အစည်းများ၊ နိုင်ငံအလိုက်အသုံးပြုပုံ များ၊ နိုင်ငံတကာကုန်သွယ်မှုတွင် HS Code ၏ အရေးပါမှုနှင့် အသုံးပြုခြင်းဖြင့် ရရှိသည့်အကျိုး ကျေးဇူးများနှင့် ကုန်ပစ္စည်းအလိုက် HS Code သတ်မှတ်ပုံများကို စာတွေ့လက်တွေ့ သင်ကြားပေး ခဲ့ပါသည်။

၄။         သင်တန်းအား သင်တန်းစည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ခဲ့ပြီး ကုန်သွယ်ရေးဦးစီးဌာန၊ အရာထမ်း၊အမှုထမ်း စုစုပေါင်း(၂၀)ဦးတို့တက်ရောက်ခဲ့ပြီး သင်တန်းနည်းပြအဖြစ် ကုန်သွယ်မှုမူဝါဒ ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခိုင်ဇာဝင်းမှ ဆွေးနွေးပို့ချခဲ့ပါသည်။