ကုန်သွယ်မှုနှင့်အဓိကဆက်စပ်နေသော ဥပဒေများသင်တန်း (သတင်းအပြည့်အစုံ)
ကုန်သွယ်မှုနှင့်အဓိကဆက်စပ်နေသော ဥပဒေများသင်တန်း
(သတင်းအပြည့်အစုံ)
၁။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်အရ
လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်တွင် ထည့်သွင်းရေးဆွဲထားရှိသည့် သင်တန်းများကို ကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်မှုပညာပေးရေးဌာနခွဲအနေဖြင့် တာဝန်ယူအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
၂။ စီမံချက်အရ ကုန်သွယ်ရေးဦးစီးဌာန၊ ဌာနခွဲများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော အရာထမ်း၊ အမှုထမ်းတို့အား “ ကုန်သွယ်မှုနှင့်အဓိကဆက်စပ်နေသော ဥပဒေများသင်တန်း ” နှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်း စတင်လုပ်ကိုင်ခွင့်ပေးသည့်ဥပဒေများ၊ ဆက်စပ်မှုများသည့် ဥပဒေများ၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ၊ ပင်လယ်ရေကြောင်း အကောက်ခွန်အက်ဥပဒေ စသည့်အကြောင်းအရာများကို သိရှိနိုင် စေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ပါသည်။
၃။ အဆိုပါသင်တန်းအား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀) ရက်နေ့မှ (၁၁) ရက်နေ့ထိ နံနက် (၁၀:၀၀) နာရီမှ (၁၂:၀၀) နာရီထိ မော်တော်ယာဉ်ဌာနစိတ်အနီးရှိ၊ Multimedia သင်တန်းခန်းမ၌ ဖွင့်လှစ်ခဲ့ပါသည်။
၄။ သင်တန်းအား သင်တန်းစည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်လျက်ရှိပြီး သင်တန်းနည်းပြ အဖြစ် ကုန်သွယ်မှုမူဝါဒဌာနခွဲ၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ယုဇနမြင့်အောင်မှ သင်ခန်းစာများကို ပို့ချပေးခဲ့ပါသည်။ အဆိုပါသင်တန်းကို သင်တန်းသား ၊ သင်တန်းသူ စုစုပေါင်း (၂၀) ဦးတို့ တက်ရောက်ခဲ့ ပါသည်။