ပင်လယ် ရေကြောင်းမှ ပြောင်း တင်ပို့မှု ၂ ဆ ပို
တနင်္လာနေ့ ၄ မတ်လ ၂၀၁၃ 10 း 30 AM
ပင်လယ် ရေကြောင်း မှ ကန်ဒေါ်လာ သုည ဒသမ ၃၈၉ သန်း တန်ဖိုး ရှိ ပြောင်း ၁၂၉၈ တန်ကို ဖေဖော် ဝါရီလ ၁ဝ ရက်မှ ၁၆ ရက်ထိ ကာလ အတွင်း တင်ပို့ နိုင်ခဲ့ ပါတယ်။ တင်ပို့ ခဲ့တဲ့ နိုင်ငံ တွေကတော့ ဖိလစ်ပိုင် နိုင်ငံ သို့ တန်ချိန် ၁၂၅ဝ နဲ့ စင်္ကာပူ နိုင်ငံ သို့ ၄၈ တန် အသီးသီး တင်ပို့ ခဲ့ပါတယ်။ ယခင် အပတ်က ၅၅၄ တန် တင်ပို့ ခဲ့သဖြင့် ယခင် အပတ် ကထက် တန်ချိန် ၂ ဆ ကျော် တင်ပို့ လာနိုင်တာ တွေ့ရ ပါတယ်။ ယခု အပတ် ပြောင်း FOB ပေါက် ဈေးမှာ တစ်တန် လျှင် ဒေါ်လာ ၃၂ဝ-၃၄ဝ ဖြစ်ကြောင်း သိရ ပါတယ်။
MIRT(DOBT)