မြန်မာနိုင်ငံ၏ပဲမျိုးစုံတင်ပို့မှုအခြေအနေ
မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှုသည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%) စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါ သည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၆၄၀၇၇၇) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၂၆၁.၈၇၄) သန်း၊ နယ်စပ်မှ (၂၇၈၃၇၉) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၂၀၈.၇၈၉)သန်း၊ စုစုပေါင်း (၁၉၁၉၁၅၆) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၄၇၀.၆၆၃) သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ် (၁-၄-၂၀၂၃ မှ ၂၇-၁၀-၂၀၂၃ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၈၂၁၄၉၇.၈၇၅)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၆၈၄.၉၇၄)သန်း၊ နယ်စပ်မှ (၁၃၄၄၀၆.၁၉၈) တန်၊တန်ဖိုး အမေရိကန်ဒေါ်လာ (၁၁၅.၂၅၃) သန်း၊ စုစုပေါင်း (၉၅၅၉၀၄.၀၇၃) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ(၈၀၀.၂၂၇)သန်း တင်ပို့ နိုင်ခဲ့ပါသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (၁-၄-၂၀၂၃ မှ ၂၇-၁၀-၂၀၂၃ ရက်နေ့ထိ)ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
အမေရိကန်ဒေါ်လာသန်း | ||||||
ကီလို-ထောင်ပေါင်း | ||||||
စဉ် | အကြောင်းအရာ |
ရေတွက် ပုံ |
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (၂၇-၁၀-၂၀၂၃) ထိ |
|||
ပင်လယ် ရေကြောင်း |
နယ်စပ် | ပေါင်း | ||||
၁ | မတ်ပဲ | US$ | ၄၀၁.၆၈၆ | ၂.၀၇၅ | ၄၀၃.၇၆၁ | |
ကီလို | ၄၄၈၂၇၅.၈၇၆ | ၁၉၈၂.၈၂၅ | ၄၅၀၂၅၈.၇၀၁ | |||
၂ | ပဲတီစိမ်း | US$ | ၁၃၂.၁၃၈ | ၃၈.၅၁၇ | ၁၇၀.၆၅၅ | |
ကီလို | ၁၉၆၅၃၆.၈၆၅ | ၅၆၅၇၂.၉၀၆ | ၂၅၃၁၀၉.၇၇၁ | |||
၃ | ပဲစဉ်းငုံ | US$ | ၉၈.၄၄၂ | ၀.၀၀၀ | ၉၈.၄၄၂ | |
ကီလို | ၁၁၀၈၆၇.၀၆၈ | ၀.၀၀၀ | ၁၁၀၈၆၇.၀၆၈ | |||
၄ | ကုလားပဲ | US$ | ၁.၉၆၈ | ၀.၀၀၀ | ၁.၉၆၈ | |
ကီလို | ၁၉၉၁.၉၅၈ | ၀.၀၀၀ | ၁၉၉၁.၉၅၈ | |||
၅ | ပဲလွန်းဖြူ | US$ | ၁၅.၂၀၀ | ၃.၁၉၃ | ၁၈.၃၉၃ | |
ကီလို | ၂၃၅၇၈.၅၉၉ | ၅၂၁၆.၉၁၈ | ၂၈၇၉၅.၅၁၇ | |||
၆ | မြေထောက်ပဲ | US$ | ၈.၇၀၁ | ၁၇.၃၂၅ | ၂၆.၀၂၆ | |
ကီလို | ၈၅၄၆.၁၅၁ | ၁၁၉၈၉.၁၄၇ | ၂၀၅၃၅.၂၉၈ | |||
၇ | ထောပတ်ပဲ | US$ | ၁၂.၀၉၀ | ၆.၆၇၇ | ၁၈.၇၆၇ | |
ကီလို | ၁၂၂၂၇.၇၃၄ | ၆၁၆၁.၅၈၁ | ၁၈၃၈၉.၃၁၅ | |||
၈ | ပဲယင်း | US$ | ၉.၃၃၂ | ၂၃.၈၇၉ | ၃၃.၂၁၁ | |
ကီလို | ၁၂၈၉၈.၇၆၄ | ၂၉၃၄၃.၁၁၅ | ၄၂၂၄၁.၈၇၉ | |||
၉ | ပဲကြီး | US$ | ၂.၄၇၄ | ၁.၀၉၇ | ၃.၅၇၁ | |
ကီလို | ၂၄၁၅.၉၈၅ | ၁၀၉၄.၅၀၀ | ၃၅၁၀.၄၈၅ | |||
၁၀ | ပဲကတ္တီပါ(စွန်တာနီ) | US$ | ၁.၀၂၄ | ၁.၀၂၄ | ||
ကီလို | ၁၅၇၃.၀၂၀ | ၁၅၇၃.၀၂၀ | ||||
၁၁ | စွန်တာပြာ | US$ | ၀.၄၇၁ | ၀.၀၀၀ | ၀.၄၇၁ | |
ကီလို | ၇၁၈.၆၈၀ | ၀.၀၀၀ | ၇၁၈.၆၈၀ | |||
၁၂ | ပဲကတ္တီပါ(စွန်တာနီ/ပြာ) | US$ | ၃.၁၁၅ | ၃.၁၁၅ | ||
ကီလို | ၅၁၉၄.၀၃၄ | ၅၁၉၄.၀၃၄ | ||||
၁၃ | ပဲဖြူလေး | US$ | ၀.၀၀၀ | ၀.၀၀၀ | ၀.၀၀၀ | |
ကီလို | ၀.၀၀၀ | ၀.၀၀၀ | ၀.၀၀၀ | |||
၁၄ | ဘိုကိတ်ပဲ | US$ | ၁.၀၃၆ | ၀.၀၀၀ | ၁.၀၃၆ | |
ကီလို | ၁၅၉၄.၇၅၅ | ၀.၀၀၀ | ၁၅၉၄.၇၅၅ | |||
၁၅ | ပဲပုတ်စေ့ | US$ | ၀.၀၀၈ | ၀.၀၀၀ | ၀.၀၀၈ | |
ကီလို | ၈.၇၃၀ | ၀.၀၀၀ | ၈.၇၃၀ | |||
၁၆ | ပဲနီကြား | US$ | ၁.၇၃၇ | ၁.၇၃၇ | ||
ကီလို | ၃၄၀၃.၀၁၄ | ၃၄၀၃.၀၁၄ | ||||
၁၇ | နိုင်လွန်ပဲ | US$ | ၁.၁၁၉ | ၁.၁၁၉ | ||
ကီလို | ၁၅၉၆.၅၀၀ | ၁၅၉၆.၅၀၀ | ||||
၁၈ | မြေပဲဆံ | US$ | ၀.၃၉၀ | ၁၅.၄၄၃ | ၁၅.၈၃၃ | |
ကီလို | ၂၅၅.၀၀၀ | ၁၀၀၆၃.၅၅၈ | ၁၀၃၁၈.၅၅၈ | |||
၁၉ | အခြားပဲ | US$ | ၀.၀၁၄ | ၁.၀၇၆ | ၁.၀၉၀ | |
ကီလို | ၈.၆၉၀ | ၁၇၈၈.၁၀၀ | ၁၇၉၆.၇၉၀ | |||
ပဲတင်ပို့မှုစုစုပေါင်း | US$ | ၆၈၄.၉၇၄ | ၁၁၅.၂၅၃ | ၈၀၀.၂၂၇ | ||
ကီလို | ၈၂၁၄၉၇.၈၇၅ | ၁၃၄၄၀၆.၁၉၈ | ၉၅၅၉၀၄.၀၇၃ |
Source: Customs