မြန်မာနိုင်ငံ၏ပဲမျိုးစုံတင်ပို့မှုအခြေအနေ
မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှုသည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%) စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါ သည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၆၄၀၇၇၇) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၂၆၁.၈၇၄) သန်း၊ နယ်စပ်မှ (၂၇၈၃၇၉) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၂၀၈.၇၈၉)သန်း၊ စုစုပေါင်း (၁၉၁၉၁၅၆) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၄၇၀.၆၆၃) သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ် (၁-၄-၂၀၂၃ မှ ၈-၉-၂၀၂၃ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၆၃၁၆၂၁.၄၃၄)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၅၁၀.၂၉၀)သန်း၊ နယ်စပ်မှ (၁၁၉၂၄၃.၃၂၇) တန်၊တန်ဖိုး အမေရိကန်ဒေါ်လာ (၁၀၂.၅၅၄) သန်း၊ စုစုပေါင်း (၇၅၀၈၆၄.၇၆၁) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ(၆၁၂.၈၄၄)သန်း တင်ပို့ နိုင်ခဲ့ပါသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (၁-၄-၂၀၂၃ မှ ၈-၉-၂၀၂၃ ရက်နေ့ထိ)ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
| အမေရိကန်ဒေါ်လာသန်း | ||||||
| ကီလို-ထောင်ပေါင်း | ||||||
| စဉ် | အကြောင်းအရာ |
ရေတွက် ပုံ |
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (၈-၉-၂၀၂၃) ထိ |
|||
| ပင်လယ် ရေကြောင်း |
နယ်စပ် | ပေါင်း | ||||
| ၁ | မတ်ပဲ | US$ | ၂၅၇.၀၆၄ | ၁.၂၇၃ | ၂၅၈.၃၃၇ | |
| ကီလို | ၂၉၆၄၇၀.၇၇၉ | ၁၂၂၈.၁၂၅ | ၂၉၇၆၉၈.၉၀၄ | |||
| ၂ | ပဲတီစိမ်း | US$ | ၁၁၆.၂၆၆ | ၃၆.၃၅၅ | ၁၅၂.၆၂၁ | |
| ကီလို | ၁၇၃၀၇၃.၀၇၇ | ၅၃၆၇၉.၉၆၄ | ၂၂၆၇၅၃.၀၄၁ | |||
| ၃ | ပဲစဉ်းငုံ | US$ | ၉၀.၂၄၀ | ၀.၀၀၀ | ၉၀.၂၄၀ | |
| ကီလို | ၁၀၃၄၈၈.၉၃၈ | ၀.၀၀၀ | ၁၀၃၄၈၈.၉၃၈ | |||
| ၄ | ကုလားပဲ | US$ | ၀.၈၁၆ | ၀.၀၀၀ | ၀.၈၁၆ | |
| ကီလို | ၈၅၃.၈၅၀ | ၀.၀၀၀ | ၈၅၃.၈၅၀ | |||
| ၅ | ပဲလွန်းဖြူ | US$ | ၁၂.၀၂၃ | ၂.၃၆၇ | ၁၄.၃၉၀ | |
| ကီလို | ၁၈၉၈၂.၀၀၅ | ၃၈၇၄.၉၁၈ | ၂၂၈၅၆.၉၂၃ | |||
| ၆ | မြေထောက်ပဲ | US$ | ၈.၂၂၉ | ၁၅.၆၉၆ | ၂၃.၉၂၅ | |
| ကီလို | ၈၂၅၂.၅၄၆ | ၁၀၈၉၆.၆၄၇ | ၁၉၁၄၉.၁၉၃ | |||
| ၇ | ထောပတ်ပဲ | US$ | ၁၁.၈၀၇ | ၆.၃၉၃ | ၁၈.၂၀၀ | |
| ကီလို | ၁၁၉၉၈.၂၅၄ | ၅၉၄၃.၂၈၁ | ၁၇၉၄၁.၅၃၅ | |||
| ၈ | ပဲယင်း | US$ | ၉.၀၇၈ | ၁၉.၈၅၀ | ၂၈.၉၂၈ | |
| ကီလို | ၁၂၅၄၇.၂၆၉ | ၂၄၂၄၁.၉၈၂ | ၃၆၇၈၉.၂၅၁ | |||
| ၉ | ပဲကြီး | US$ | ၂.၁၅၀ | ၀.၈၅၉ | ၃.၀၀၉ | |
| ကီလို | ၂၀၉၂.၆၁၂ | ၈၅၆.၅၀၀ | ၂၉၄၉.၁၁၂ | |||
| ၁၀ | ပဲကတ္တီပါ(စွန်တာနီ) | US$ | ၀.၉၄၅ | ၀.၉၄၅ | ||
| ကီလို | ၁၄၉၃.၀၂၀ | ၁၄၉၃.၀၂၀ | ||||
| ၁၁ | စွန်တာပြာ | US$ | ၀.၃၉၆ | ၀.၀၀၀ | ၀.၃၉၆ | |
| ကီလို | ၆၁၂.၀၀၀ | ၀.၀၀၀ | ၆၁၂.၀၀၀ | |||
| ၁၂ | ပဲကတ္တီပါ(စွန်တာနီ/ပြာ) | US$ | ၂.၅၅၉ | ၂.၅၅၉ | ||
| ကီလို | ၄၂၆၁.၅၀၀ | ၄၂၆၁.၅၀၀ | ||||
| ၁၃ | ပဲဖြူလေး | US$ | ၀.၀၀၀ | ၀.၀၀၀ | ၀.၀၀၀ | |
| ကီလို | ၀.၀၀၀ | ၀.၀၀၀ | ၀.၀၀၀ | |||
| ၁၄ | ဘိုကိတ်ပဲ | US$ | ၁.၀၃၄ | ၀.၀၀၀ | ၁.၀၃၄ | |
| ကီလို | ၁၅၉၁.၇၅၅ | ၀.၀၀၀ | ၁၅၉၁.၇၅၅ | |||
| ၁၅ | ပဲပုတ်စေ့ | US$ | ၀.၀၀၄ | ၀.၀၀၀ | ၀.၀၀၄ | |
| ကီလို | ၄.၇၄၀ | ၀.၀၀၀ | ၄.၇၄၀ | |||
| ၁၆ | ပဲနီကြား | US$ | ၁.၂၂၉ | ၁.၂၂၉ | ||
| ကီလို | ၂၄၅၀.၉၈၀ | ၂၄၅၀.၉၈၀ | ||||
| ၁၇ | နိုင်လွန်ပဲ | US$ | ၁.၀၁၆ | ၁.၀၁၆ | ||
| ကီလို | ၁၄၄၃.၅၀၀ | ၁၄၄၃.၅၀၀ | ||||
| ၁၈ | မြေပဲဆံ | US$ | ၀.၂၃၀ | ၁၄.၂၇၃ | ၁၄.၅၀၃ | |
| ကီလို | ၁၅၅.၀၀၀ | ၉၂၁၈.၃၃၀ | ၉၃၇၃.၃၃၀ | |||
| ၁၉ | အခြားပဲ | US$ | ၀.၀၀၈ | ၀.၆၈၄ | ၀.၆၉၂ | |
| ကီလို | ၅.၅၈၉ | ၁၁၄၇.၆၀၀ | ၁၁၅၃.၁၈၉ | |||
| ပဲတင်ပို့မှုစုစုပေါင်း | US$ | ၅၁၀.၂၉၀ | ၁၀၂.၅၅၄ | ၆၁၂.၈၄၄ | ||
| ကီလို | ၆၃၁၆၂၁.၄၃၄ | ၁၁၉၂၄၃.၃၂၇ | ၇၅၀၈၆၄.၇၆၁ | |||
| Source: Customs | ||||||
