မြန်မာနိုင်ငံ၏ပဲမျိုးစုံတင်ပို့မှုအခြေအနေ
မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှုသည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%) စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါ သည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၆၄၀၇၇၇) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၂၆၁.၈၇၄) သန်း၊ နယ်စပ်မှ (၂၇၈၃၇၉) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၂၀၈.၇၈၉)သန်း၊ စုစုပေါင်း (၁၉၁၉၁၅၆) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၄၇၀.၆၆၃) သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ် (၁-၄-၂၀၂၃ မှ ၁-၉-၂၀၂၃ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၆၀၇၁၂၉.၉၄၁)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၄၈၈.၃၉၁)သန်း၊ နယ်စပ်မှ (၁၁၃၇၈၉.၁၁၀) တန်၊တန်ဖိုး အမေရိကန်ဒေါ်လာ (၉၇.၉၈၆) သန်း၊ စုစုပေါင်း (၇၂၀၉၁၉.၀၅၁) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ(၅၈၆.၃၇၇)သန်း တင်ပို့ နိုင်ခဲ့ပါသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (၁-၄-၂၀၂၃ မှ ၁-၉-၂၀၂၃ ရက်နေ့ထိ)ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
| အမေရိကန်ဒေါ်လာသန်း | ||||||
| ကီလို-ထောင်ပေါင်း | ||||||
| စဉ် | အကြောင်းအရာ |
ရေတွက် ပုံ |
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (၁-၉-၂၀၂၃) ထိ |
|||
| ပင်လယ် ရေကြောင်း |
နယ်စပ် | ပေါင်း | ||||
| ၁ | မတ်ပဲ | US$ | ၂၄၀.၁၉၁ | ၁.၂၇၃ | ၂၄၁.၄၆၄ | |
| ကီလို | ၂၇၈၁၃၁.၃၃၇ | ၁၂၂၈.၁၂၅ | ၂၇၉၃၅၉.၄၆၂ | |||
| ၂ | ပဲတီစိမ်း | US$ | ၁၁၄.၆၅၇ | ၃၅.၂၀၂ | ၁၄၉.၈၅၉ | |
| ကီလို | ၁၇၀၆၂၂.၄၈၉ | ၅၂၀၂၃.၇၁၄ | ၂၂၂၆၄၆.၂၀၃ | |||
| ၃ | ပဲစဉ်းငုံ | US$ | ၈၇.၆၃၃ | ၀.၀၀၀ | ၈၇.၆၃၃ | |
| ကီလို | ၁၀၀၇၃၈.၉၃၈ | ၀.၀၀၀ | ၁၀၀၇၃၈.၉၃၈ | |||
| ၄ | ကုလားပဲ | US$ | ၀.၆၆၇ | ၀.၀၀၀ | ၀.၆၆၇ | |
| ကီလို | ၇၀၉.၂၃၀ | ၀.၀၀၀ | ၇၀၉.၂၃၀ | |||
| ၅ | ပဲလွန်းဖြူ | US$ | ၁၁.၆၄၁ | ၁.၉၅၆ | ၁၃.၅၉၇ | |
| ကီလို | ၁၈၄၂၀.၀၃၂ | ၃၂၁၂.၆၁၉ | ၂၁၆၃၂.၆၅၁ | |||
| ၆ | မြေထောက်ပဲ | US$ | ၈.၀၃၀ | ၁၄.၇၁၅ | ၂၂.၇၄၅ | |
| ကီလို | ၈၁၁၃.၀၆၀ | ၁၀၂၃၇.၀၀၇ | ၁၈၃၅၀.၀၆၇ | |||
| ၇ | ထောပတ်ပဲ | US$ | ၁၁.၈၀၇ | ၆.၂၇၄ | ၁၈.၀၈၁ | |
| ကီလို | ၁၁၉၉၈.၂၅၄ | ၅၈၄၁.၂၉၇ | ၁၇၈၃၉.၅၅၁ | |||
| ၈ | ပဲယင်း | US$ | ၉.၀၀၄ | ၁၈.၇၄၀ | ၂၇.၇၄၄ | |
| ကီလို | ၁၂၄၄၇.၈၉၄ | ၂၂၈၈၄.၉၃၈ | ၃၅၃၃၂.၈၃၂ | |||
| ၉ | ပဲကြီး | US$ | ၂.၁၄၃ | ၀.၈၅၈ | ၃.၀၀၁ | |
| ကီလို | ၂၀၈၆.၆၀၂ | ၈၅၆.၅၀၀ | ၂၉၄၃.၁၀၂ | |||
| ၁၀ | ပဲကတ္တီပါ(စွန်တာနီ) | US$ | ၀.၉၄၅ | ၀.၉၄၅ | ||
| ကီလို | ၁၄၉၃.၀၂၀ | ၁၄၉၃.၀၂၀ | ||||
| ၁၁ | စွန်တာပြာ | US$ | ၀.၃၉၆ | ၀.၁၇၅ | ၀.၅၇၁ | |
| ကီလို | ၆၁၂.၀၀၀ | ၂၈၉.၀၀၀ | ၉၀၁.၀၀၀ | |||
| ၁၂ | ပဲကတ္တီပါ(စွန်တာနီ/ပြာ) | US$ | ၂.၁၉၂ | ၂.၁၉၂ | ||
| ကီလို | ၃၆၅၀.၅၀၀ | ၃၆၅၀.၅၀၀ | ||||
| ၁၃ | ပဲဖြူလေး | US$ | ၀.၀၀၀ | ၀.၀၀၀ | ၀.၀၀၀ | |
| ကီလို | ၀.၀၀၀ | ၀.၀၀၀ | ၀.၀၀၀ | |||
| ၁၄ | ဘိုကိတ်ပဲ | US$ | ၁.၀၃၄ | ၀.၀၀၀ | ၁.၀၃၄ | |
| ကီလို | ၁၅၉၁.၇၅၅ | ၀.၀၀၀ | ၁၅၉၁.၇၅၅ | |||
| ၁၅ | ပဲပုတ်စေ့ | US$ | ၀.၀၀၄ | ၀.၀၀၀ | ၀.၀၀၄ | |
| ကီလို | ၄.၇၄၀ | ၀.၀၀၀ | ၄.၇၄၀ | |||
| ၁၆ | ပဲနီကြား | US$ | ၁.၀၆၃ | ၁.၀၆၃ | ||
| ကီလို | ၂၁၁၀.၉၈၀ | ၂၁၁၀.၉၈၀ | ||||
| ၁၇ | နိုင်လွန်ပဲ | US$ | ၀.၉၇၂ | ၀.၉၇၂ | ||
| ကီလို | ၁၃၇၅.၅၀၀ | ၁၃၇၅.၅၀၀ | ||||
| ၁၈ | မြေပဲဆံ | US$ | ၀.၂၃၀ | ၁၃.၉၂၄ | ၁၄.၁၅၄ | |
| ကီလို | ၁၅၅.၀၀၀ | ၈၉၉၈.၈၃၀ | ၉၁၅၃.၈၃၀ | |||
| ၁၉ | အခြားပဲ | US$ | ၀.၀၀၉ | ၀.၆၄၂ | ၀.၆၅၁ | |
| ကီလို | ၅.၅၉၀ | ၁၀၈၀.၁၀၀ | ၁၀၈၅.၆၉၀ | |||
| ပဲတင်ပို့မှုစုစုပေါင်း | US$ | ၄၈၈.၃၉၁ | ၉၇.၉၈၆ | ၅၈၆.၃၇၇ | ||
| ကီလို | ၆၀၇၁၂၉.၉၄၁ | ၁၁၃၇၈၉.၁၁၀ | ၇၂၀၉၁၉.၀၅၁ | |||
| Source: Customs | ||||||
