မြန်မာနိုင်ငံ၏ပဲမျိုးစုံတင်ပို့မှုအခြေအနေ
မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှုသည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%)စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့်ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၂၄၂၇၇၅.၂၃၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၉၆၆.၄၀၇)သန်း၊ နယ်စပ်မှ (၇၈၆၉၂၀.၆၅၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၆၀၄.၃၀၀)သန်း၊ စုစုပေါင်း (၂၀၂၉၆၉၅.၈၈၂) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၅၇၀.၇၀၇)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၃-၂၀၂၄)ဘဏ္ဍာနှစ် (၁-၄-၂၀၂၃ မှ ၃၀-၆-၂၀၂၃ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၃၆၉၂၃၇.၆၆၉)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၂၈၄.၄၉၇)သန်း၊ နယ်စပ်မှ (၅၄၉၅၀.၀၃၈)တန်၊တန်ဖိုး အမေရိကန်ဒေါ်လာ (၄၈.၉၆၆)သန်း၊ စုစုပေါင်း (၄၂၄၁၈၇.၇၀၇) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၃၃၃.၄၆၃)သန်း တင်ပို့ နိုင်ခဲ့ပါသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (၁-၄-၂၀၂၃ မှ ၃၀-၆-၂၀၂၃ ရက်နေ့ထိ)ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
အမေရိကန်ဒေါ်လာသန်း | ||||||
ကီလို-ထောင်ပေါင်း | ||||||
စဉ် | အကြောင်းအရာ |
ရေတွက် ပုံ |
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (၃၀-၆-၂၀၂၃) ထိ |
|||
ပင်လယ် ရေကြောင်း |
နယ်စပ် | ပေါင်း | ||||
၁ | မတ်ပဲ | US$ | ၁၁၆.၅၈၆ | ၁.၀၅၂ | ၁၁၇.၆၃၈ | |
ကီလို | ၁၃၉၂၁၁.၇၂၇ | ၁၀၀၀.၀၀၀ | ၁၄၀၂၁၁.၇၂၇ | |||
၂ | ပဲတီစိမ်း | US$ | ၈၆.၂၄၉ | ၁၇.၁၅၁ | ၁၀၃.၄၀၀ | |
ကီလို | ၁၂၉၉၆၅.၇၅၆ | ၂၆၉၅၁.၆၀၃ | ၁၅၆၉၁၇.၃၅၉ | |||
၃ | ပဲတီစိမ်းလုံးခြမ်း | US$ | ||||
ကီလို | ||||||
၄ | ပဲစဉ်းငုံ | US$ | ၄၂.၇၁၈ | ၀.၀၀၀ | ၄၂.၇၁၈ | |
ကီလို | ၅၁၁၂၇.၀၃၀ | ၀.၀၀၀ | ၅၁၁၂၇.၀၃၀ | |||
၅ | ကုလားပဲ | US$ | ၀.၃၈၉ | ၀.၀၀၀ | ၀.၃၈၉ | |
ကီလို | ၄၃၄.၃၂၅ | ၀.၀၀၀ | ၄၃၄.၃၂၅ | |||
၆ | ပဲလွန်းဖြူ | US$ | ၈.၄၁၃ | ၀.၃၈၄ | ၈.၇၉၇ | |
ကီလို | ၁၃၅၁၀.၈၀၈ | ၆၃၃.၅၀၀ | ၁၄၁၄၄.၃၀၈ | |||
၇ | မြေထောက်ပဲ | US$ | ၆.၈၆၉ | ၅.၈၃၄ | ၁၂.၇၀၃ | |
ကီလို | ၇၂၀၉.၈၂၇ | ၄၁၈၀.၆၂၇ | ၁၁၃၉၀.၄၅၄ | |||
၈ | ထောပတ်ပဲ | US$ | ၁၀.၉၄၆ | ၃.၅၇၇ | ၁၄.၅၂၃ | |
ကီလို | ၁၁၁၉၅.၄၄၈ | ၃၃၇၈.၉၀၆ | ၁၄၅၇၄.၃၅၄ | |||
၉ | ပဲယင်း | US$ | ၈.၅၂၈ | ၅.၃၈၅ | ၁၃.၉၁၃ | |
ကီလို | ၁၁၇၇၄.၇၈၆ | ၆၅၄၁.၀၀၀ | ၁၈၃၁၅.၇၈၆ | |||
၁၀ | ပဲကြီး | US$ | ၁.၅၇၃ | ၀.၃၈၁ | ၁.၉၅၄ | |
ကီလို | ၁၅၃၂.၅၂၆ | ၃၈၀.၅၀၀ | ၁၉၁၃.၀၂၆ | |||
၁၁ | ပဲကတ္တီပါ(စွန်တာနီ) | US$ | ၀.၈၇၀ | ၀.၈၇၀ | ||
ကီလို | ၁၃၇၃.၀၂၀ | ၁၃၇၃.၀၂၀ | ||||
၁၂ | စွန်တာပြာ | US$ | ၀.၃၁၁ | ၀.၉၆၉ | ၁.၂၈၀ | |
ကီလို | ၄၈၀.၀၀၀ | ၁၆၁၃.၅၀၀ | ၂၀၉၃.၅၀၀ | |||
၁၃ | ပဲကတ္တီပါ(စွန်တာနီ/ပြာ) | US$ | ၀.၀၀၀ | ၀.၀၀၀ | ||
ကီလို | ၀.၀၀၀ | ၀.၀၀၀ | ||||
၁၄ | ပဲဖြူလေး | US$ | ၀.၀၀၀ | ၀.၀၀၀ | ၀.၀၀၀ | |
ကီလို | ၀.၀၀၀ | ၀.၀၀၀ | ၀.၀၀၀ | |||
၁၅ | ဘိုကိတ်ပဲ | US$ | ၀.၈၀၈ | ၀.၀၀၀ | ၀.၈၀၈ | |
ကီလို | ၁၂၅၉.၅၅၅ | ၀.၀၀၀ | ၁၂၅၉.၅၅၅ | |||
၁၆ | ပဲပုတ်စေ့ | US$ | ၀.၀၀၄ | ၀.၀၀၀ | ၀.၀၀၄ | |
ကီလို | ၄.၇၄၀ | ၀.၀၀၀ | ၄.၇၄၀ | |||
၁၇ | ပဲနီကြား | US$ | ၀.၄၅၈ | ၀.၄၅၈ | ||
ကီလို | ၈၈၄.၉၈၀ | ၈၈၄.၉၈၀ | ||||
၁၈ | နိုင်လွန်ပဲ | US$ | ၀.၅၁၅ | ၀.၅၁၅ | ||
ကီလို | ၆၉၅.၅၀၀ | ၆၉၅.၅၀၀ | ||||
၁၉ | မြေပဲ(အခွံပါ) | US$ | ||||
ကီလို | ||||||
၂၀ | မြေပဲဆံ | US$ | ၀.၂၃၀ | ၁၃.၁၅၈ | ၁၃.၃၈၈ | |
ကီလို | ၁၅၅.၀၀၀ | ၈၅၂၁.၅၂၂ | ၈၆၇၆.၅၂၂ | |||
၂၁ | အခြားပဲ | US$ | ၀.၀၀၃ | ၀.၁၀၂ | ၀.၁၀၅ | |
ကီလို | ၃.၁၂၁ | ၁၆၈.၄၀၀ | ၁၇၁.၅၂၁ | |||
ပဲတင်ပို့မှုစုစုပေါင်း | US$ | ၂၈၄.၄၉၇ | ၄၈.၉၆၆ | ၃၃၃.၄၆၃ | ||
ကီလို | ၃၆၉၂၃၇.၆၆၉ | ၅၄၉၅၀.၀၃၈ | ၄၂၄၁၈၇.၇၀၇ |