မြန်မာနိုင်ငံ၏ပဲမျိုးစုံတင်ပို့မှုအခြေအနေ
မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှုသည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%) စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုး နေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာ နှစ်စာရင်းများအရ ပင်လယ် ရေကြောင်းမှ (၁၂၄၂၇၇၅.၂၃၁) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၉၆၆.၄၀၇) သန်း၊ နယ်စပ်မှ (၇၈၆၉၂၀.၆၅၁) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၆၀၄.၃၀၀)သန်း၊ စုစုပေါင်း (၂၀၂၉၆၉၅.၈၈၂) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၅၇၀.၇၀၇)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ် (၁-၄-၂၀၂၃ မှ ၁၉-၅-၂၀၂၃ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၂၀၃၇၄၈.၉၂၈)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၅၁.၅၀၅) သန်း၊ နယ်စပ်မှ (၂၂၈၃၆.၀၃၃) တန်၊ တန်ဖိုး အမေရိကန် ဒေါ်လာ (၂၂.၀၂၁) သန်း၊ စုစုပေါင်း (၂၂၆၅၈၄.၉၆၁) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၁၇၃.၅၂၆) သန်း တင်ပို့ နိုင်ခဲ့ပါသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (၁-၄-၂၀၂၃ မှ ၁၉-၅-၂၀၂၃ ရက်နေ့ထိ)ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
| အမေရိကန်ဒေါ်လာသန်း | ||||||
| ကီလို-ထောင်ပေါင်း | ||||||
| စဉ် | အကြောင်းအရာ |
ရေတွက် ပုံ |
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (၁၉-၅-၂၀၂၃) ထိ |
|||
| ပင်လယ် ရေကြောင်း |
နယ်စပ် | ပေါင်း | ||||
| ၁ | မတ်ပဲ | US$ | ၅၄.၂၆၀ | ၀.၆၇၃ | ၅၄.၉၃၃ | |
| ကီလို | ၆၈၀၇၈.၀၂၈ | ၆၂၀.၀၀၀ | ၆၈၆၉၈.၀၂၈ | |||
| ၂ | ပဲတီစိမ်း | US$ | ၅၁.၉၂၆ | ၆.၃၅၂ | ၅၈.၂၇၈ | |
| ကီလို | ၇၈၆၂၁.၁၆၆ | ၁၀၀၉၅.၈၄၂ | ၈၈၇၁၇.၀၀၈ | |||
| ၃ | ပဲတီစိမ်းလုံးခြမ်း | US$ | ||||
| ကီလို | ||||||
| ၄ | ပဲစဉ်းငုံ | US$ | ၂၁.၆၈၀ | ၀.၀၀၀ | ၂၁.၆၈၀ | |
| ကီလို | ၂၆၈၆၃.၀၂၅ | ၀.၀၀၀ | ၂၆၈၆၃.၀၂၅ | |||
| ၅ | ကုလားပဲ | US$ | ၀.၃၁၆ | ၀.၀၀၀ | ၀.၃၁၆ | |
| ကီလို | ၃၅၉.၂၃၅ | ၀.၀၀၀ | ၃၅၉.၂၃၅ | |||
| ၆ | ပဲလွန်းဖြူ | US$ | ၅.၇၆၃ | ၀.၂၃၇ | ၆.၀၀၀ | |
| ကီလို | ၉၄၁၀.၆၈၄ | ၃၉၃.၀၀၀ | ၉၈၀၃.၆၈၄ | |||
| ၇ | မြေထောက်ပဲ | US$ | ၃.၅၃၉ | ၁.၆၁၂ | ၅.၁၅၁ | |
| ကီလို | ၃၄၀၅.၆၁၃ | ၁၂၃၇.၅၀၀ | ၄၆၄၃.၁၁၃ | |||
| ၈ | ထောပတ်ပဲ | US$ | ၆.၄၆၂ | ၂.၀၃၈ | ၈.၅၀၀ | |
| ကီလို | ၆၇၃၇.၀၂၀ | ၁၉၄၂.၆၅၆ | ၈၆၇၉.၆၇၆ | |||
| ၉ | ပဲယင်း | US$ | ၄.၈၄၇ | ၁.၁၆၂ | ၆.၀၀၉ | |
| ကီလို | ၆၈၄၇.၈၅၇ | ၁၃၅၄.၀၀၀ | ၈၂၀၁.၈၅၇ | |||
| ၁၀ | ပဲကြီး | US$ | ၁.၂၉၆ | ၀.၂၉၆ | ၁.၅၉၂ | |
| ကီလို | ၁၂၉၂.၇၉၀ | ၂၉၅.၅၀၀ | ၁၅၈၈.၂၉၀ | |||
| ၁၁ | ပဲကတ္တီပါ(စွန်တာနီ) | US$ | ၀.၅၃၇ | ၀.၅၃၇ | ||
| ကီလို | ၈၄၂.၀၂၀ | ၈၄၂.၀၂၀ | ||||
| ၁၂ | စွန်တာပြာ | US$ | ၀.၁၁၃ | ၀.၁၄၄ | ၀.၂၅၇ | |
| ကီလို | ၁၇၄.၀၀၀ | ၂၄၀.၅၀၀ | ၄၁၄.၅၀၀ | |||
| ၁၃ | ပဲကတ္တီပါ(စွန်တာနီ/ပြာ) | US$ | ၀.၀၀၀ | ၀.၀၀၀ | ||
| ကီလို | ၀.၀၀၀ | ၀.၀၀၀ | ||||
| ၁၄ | ပဲဖြူလေး | US$ | ၀.၀၀၀ | ၀.၀၀၀ | ၀.၀၀၀ | |
| ကီလို | ၀.၀၀၀ | ၀.၀၀၀ | ၀.၀၀၀ | |||
| ၁၅ | ဘိုကိတ်ပဲ | US$ | ၀.၆၄၆ | ၀.၀၀၀ | ၀.၆၄၆ | |
| ကီလို | ၁၀၂၅.၇၅၀ | ၀.၀၀၀ | ၁၀၂၅.၇၅၀ | |||
| ၁၆ | ပဲပုတ်စေ့ | US$ | ၀.၀၀၄ | ၀.၀၀၀ | ၀.၀၀၄ | |
| ကီလို | ၄.၇၄၀ | ၀.၀၀၀ | ၄.၇၄၀ | |||
| ၁၇ | ပဲနီကြား | US$ | ၀.၂၂၁ | ၀.၂၂၁ | ||
| ကီလို | ၄၂၈.၀၀၀ | ၄၂၈.၀၀၀ | ||||
| ၁၈ | နိုင်လွန်ပဲ | US$ | ၀.၁၄၁ | ၀.၁၄၁ | ||
| ကီလို | ၁၈၆.၀၀၀ | ၁၈၆.၀၀၀ | ||||
| ၁၉ | မြေပဲ(အခွံပါ) | US$ | ||||
| ကီလို | ||||||
| ၂၀ | မြေပဲဆံ | US$ | ၀.၁၁၃ | ၉.၀၆၄ | ၉.၁၇၇ | |
| ကီလို | ၈၄.၀၀၀ | ၅၉၀၈.၆၃၅ | ၅၉၉၂.၆၃၅ | |||
| ၂၁ | အခြားပဲ | US$ | ၀.၀၀၃ | ၀.၀၈၁ | ၀.၀၈၄ | |
| ကီလို | ၃.၀၀၀ | ၁၃၄.၄၀၀ | ၁၃၇.၄၀၀ | |||
| ပဲတင်ပို့မှုစုစုပေါင်း | US$ | ၁၅၁.၅၀၅ | ၂၂.၀၂၁ | ၁၇၃.၅၂၆ | ||
| ကီလို | ၂၀၃၇၄၈.၉၂၈ | ၂၂၈၃၆.၀၃၃ | ၂၂၆၅၈၄.၉၆၁ | |||
