မြန်မာနိုင်ငံ၏ပဲမျိုးစုံတင်ပို့မှုအခြေအနေ
မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှုသည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%) စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုး နေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာ နှစ်စာရင်းများအရ ပင်လယ် ရေကြောင်းမှ (၁၂၄၂၇၇၅.၂၃၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၉၆၆.၄၀၇) သန်း၊ နယ်စပ်မှ (၇၈၆၉၂၀.၆၅၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၆၀၄.၃၀၀)သန်း၊ စုစုပေါင်း (၂၀၂၉၆၉၅.၈၈၂) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၅၇၀.၇၀၇)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၂-၂၀၂၃) ဘဏ္ဍာနှစ် (၁-၄-၂၀၂၂မှ ၂-၁၂-၂၀၂၂ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၉၄၂၉၂၆.၇၇၃)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၇၅၆.၄၅၇) သန်း၊ နယ်စပ်မှ (၁၅၅၄၅၀.၈၃၀) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၀၆.၇၈၀) သန်း၊ စုစုပေါင်း (၁၀၉၈၃၇၇.၆၀၃) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၈၆၃.၂၃၇) သန်း တင်ပို့ နိုင်ခဲ့ပါသည်။
၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် (၁-၄-၂၀၂၂ မှ ၂-၁၂-၂၀၂၂ ရက်နေ့ထိ)ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
| အမေရိကန်ဒေါ်လာသန်း | ||||||
| ကီလို-ထောင်ပေါင်း | ||||||
| စဉ် | အကြောင်းအရာ |
ရေတွက် ပုံ |
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် (၂-၁၂-၂၀၂၂) ထိ |
|||
| ပင်လယ် ရေကြောင်း |
နယ်စပ် | ပေါင်း | ||||
| ၁ | မတ်ပဲ | US$ | ၃၅၈.၃၁၅ | ၇.၈၁၆ | ၃၆၆.၁၃၁ | |
| ကီလို | ၄၂၇၇၅၁.၉၂၄ | ၈၁၆၂.၀၁၀ | ၄၃၅၉၁၃.၉၃၄ | |||
| ၂ | ပဲတီစိမ်း | US$ | ၂၁၉.၈၉၀ | ၆၉.၄၁၅ | ၂၈၉.၃၀၅ | |
| ကီလို | ၂၈၅၆၇၉.၈၇၆ | ၉၉၇၁၉.၁၈၇ | ၃၈၅၃၉၉.၀၆၃ | |||
| ၃ | ပဲတီစိမ်းလုံးခြမ်း | US$ | ||||
| ကီလို | ||||||
| ၄ | ပဲစဉ်းငုံ | US$ | ၇၅.၀၀၃ | ၀.၂၀၅ | ၇၅.၂၀၈ | |
| ကီလို | ၉၂၉၂၀.၁၁၇ | ၂၉၆.၅၀၀ | ၉၃၂၁၆.၆၁၇ | |||
| ၅ | ကုလားပဲ | US$ | ၁၂.၆၄၉ | ၀.၀၂၆ | ၁၂.၆၇၅ | |
| ကီလို | ၁၈၀၉၄.၅၂၆ | ၄၃.၀၀၀ | ၁၈၁၃၇.၅၂၆ | |||
| ၆ | ပဲလွန်းဖြူ | US$ | ၁၇.၄၃၄ | ၁.၇၁၆ | ၁၉.၁၅၀ | |
| ကီလို | ၂၄၀၆၈.၅၅၈ | ၃၈၇၆.၂၅၃ | ၂၇၉၄၄.၈၁၁ | |||
| ၇ | မြေထောက်ပဲ | US$ | ၂၅.၀၂၄ | ၈.၁၄၁ | ၃၃.၁၆၅ | |
| ကီလို | ၃၁၆၃၁.၈၇၄ | ၁၂၈၁၂.၄၆၁ | ၄၄၄၄၄.၃၃၅ | |||
| ၈ | ထောပတ်ပဲ | US$ | ၁၇.၁၀၁ | ၃.၁၀၇ | ၂၀.၂၀၈ | |
| ကီလို | ၂၀၀၆၀.၈၃၂ | ၅၇၀၀.၃၅၇ | ၂၅၇၆၁.၁၈၉ | |||
| ၉ | ပဲယင်း | US$ | ၁၄.၇၄၃ | ၃.၉၅၇ | ၁၈.၇၀၀ | |
| ကီလို | ၂၀၁၆၀.၀၂၉ | ၈၂၂၁.၈၀၀ | ၂၈၃၈၁.၈၂၉ | |||
| ၁၀ | ပဲကြီး | US$ | ၃.၁၅၉ | ၁.၂၅၇ | ၄.၄၁၆ | |
| ကီလို | ၄၄၀၆.၄၅၁ | ၂၃၀၀.၄၂၀ | ၆၇၀၆.၈၇၁ | |||
| ၁၁ | ပဲကတ္တီပါ(စွန်တာနီ) | US$ | ၂.၄၆၅ | ၂.၄၆၅ | ||
| ကီလို | ၃၇၅၅.၁၃၅ | ၃၇၅၅.၁၃၅ | ||||
| ၁၂ | စွန်တာပြာ | US$ | ၀.၆၀၂ | ၀.၀၀၀ | ၀.၆၀၂ | |
| ကီလို | ၉၂၅.၇၀၀ | ၀.၀၀၀ | ၉၂၅.၇၀၀ | |||
| ၁၃ | ပဲကတ္တီပါ(စွန်တာနီ/ပြာ) | US$ | ၁.၁၇၆ | ၁.၁၇၆ | ||
| ကီလို | ၂၀၆၄.၅၃၀ | ၂၀၆၄.၅၃၀ | ||||
| ၁၄ | ပဲဖြူလေး | US$ | ၀.၁၈၂ | ၀.၀၀၀ | ၀.၁၈၂ | |
| ကီလို | ၂၅၆.၆၈၅ | ၀.၀၀၀ | ၂၅၆.၆၈၅ | |||
| ၁၅ | ဘိုကိတ်ပဲ | US$ | ၇.၆၆၃ | ၀.၀၀၀ | ၇.၆၆၃ | |
| ကီလို | ၁၀၄၄၈.၂၁၀ | ၀.၀၀၀ | ၁၀၄၄၈.၂၁၀ | |||
| ၁၆ | ပဲပုတ်စေ့ | US$ | ၀.၀၆၅ | ၀.၀၀၀ | ၀.၀၆၅ | |
| ကီလို | ၆၉.၅၁၀ | ၀.၀၀၀ | ၆၉.၅၁၀ | |||
| ၁၇ | ပဲနီကြား | US$ | ၁.၈၈၃ | ၁.၈၈၃ | ||
| ကီလို | ၄၇၆၄.၂၅၀ | ၄၇၆၄.၂၅၀ | ||||
| ၁၈ | နိုင်လွန်ပဲ | US$ | ၀.၄၉၀ | ၀.၄၉၀ | ||
| ကီလို | ၆၄၀.၆၀၀ | ၆၄၀.၆၀၀ | ||||
| ၁၉ | မြေပဲ(အခွံပါ) | US$ | ||||
| ကီလို | ||||||
| ၂၀ | မြေပဲဆံ | US$ | ၁.၆၀၄ | ၇.၅၉၁ | ၉.၁၉၅ | |
| ကီလို | ၁၇၃၄.၆၀၀ | ၆၈၄၉.၄၆၂ | ၈၅၈၄.၀၆၂ | |||
| ၂၁ | အခြားပဲ | US$ | ၀.၅၅၈ | ၀.၀၀၀ | ၀.၅၅၈ | |
| ကီလို | ၉၆၂.၇၄၆ | ၀.၀၀၀ | ၉၆၂.၇၄၆ | |||
| ပဲတင်ပို့မှုစုစုပေါင်း | US$ | ၇၅၆.၄၅၇ | ၁၀၆.၇၈၀ | ၈၆၃.၂၃၇ | ||
| ကီလို | ၉၄၂၉၂၆.၇၇၃ | ၁၅၅၄၅၀.၈၃၀ | ၁၀၉၈၃၇၇.၆၀၃ | |||
