မြန်မာနိုင်ငံ၏ပဲမျိုးစုံတင်ပို့မှုအခြေအနေ
မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှု သည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%)စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့်ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၂၄၂၇၇၅.၂၃၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၉၆၆.၄၀၇)သန်း၊ နယ်စပ်မှ (၇၈၆၉၂၀.၆၅၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၆၀၄.၃၀၀)သန်း၊ စုစုပေါင်း (၂၀၂၉၆၉၅.၈၈၂) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၅၇၀.၇၀၇)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၁-၂၀၂၂)ဘဏ္ဍာနှစ် (၁-၁၀-၂၀၂၁ မှ ၇-၁-၂၀၂၂ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၄၁၆၂၁၀.၀၆၃)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၃၃၄.၂၁၁)သန်း၊ နယ်စပ်မှ (၂၈၅၂၃.၉၀၉)တန်၊တန်ဖိုး အမေရိကန်ဒေါ်လာ (၂၅.၇၃၀)သန်း၊ စုစုပေါင်း (၄၄၄၇၃၃.၉၇၂) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၃၅၉.၉၄၁)သန်း တင်ပို့ နိုင်ခဲ့ပါသည်။
၂၀၂၁-၂၀၂၂(Mini Budget) (၂၁-၁-၂၀၂၂ ရက်နေ့ထိ) ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
| အမေရိကန်ဒေါ်လာသန်း | ||||||
| ကီလို-ထောင်ပေါင်း | ||||||
| စဉ် | အကြောင်းအရာ |
ရေတွက် ပုံ |
၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (၂၁-၁-၂၀၂၂) ထိ |
|||
| ပင်လယ် ရေကြောင်း |
နယ်စပ် | ပေါင်း | ||||
| ၁ | မတ်ပဲ | US$ | ၁၆၈.၂၂၀ | ၅.၈၃၇ | ၁၇၄.၀၅၇ | |
| ကီလို | ၂၀၄၈၆၁.၇၄၆ | ၅၆၁၀.၂၈၆ | ၂၁၀၄၇၂.၀၃၂ | |||
| ၂ | ပဲတီစိမ်း | US$ | ၉၂.၂၀၇ | ၃.၀၀၁ | ၉၅.၂၀၈ | |
| ကီလို | ၁၁၂၀၆၀.၇၄၀ | ၄၈၃၉.၇၇၃ | ၁၁၆၉၀၀.၅၁၃ | |||
| ၃ | ပဲတီစိမ်းလုံးခြမ်း | US$ | ၀.၂၀၉ | ၀.၂၀၉ | ||
| ကီလို | ၁၉၂.၀၀၀ | ၁၉၂.၀၀၀ | ||||
| ၄ | ပဲစဉ်းငုံ | US$ | ၃၀.၄၃၇ | ၀.၀၀၀ | ၃၀.၄၃၇ | |
| ကီလို | ၄၅၄၈၉.၂၆၂ | ၀.၀၀၀ | ၄၅၄၈၉.၂၆၂ | |||
| ၅ | ကုလားပဲ | US$ | ၁.၁၂၀ | ၀.၀၀၀ | ၁.၁၂၀ | |
| ကီလို | ၁၆၀၁.၅၆၄ | ၀.၀၀၀ | ၁၆၀၁.၅၆၄ | |||
| ၆ | ပဲလွန်းဖြူ | US$ | ၄.၇၉၉ | ၀.၀၆၄ | ၄.၈၆၃ | |
| ကီလို | ၅၆၀၁.၇၆၆ | ၁၄၈.၄၀၀ | ၅၇၅၀.၁၆၆ | |||
| ၇ | မြေထောက်ပဲ | US$ | ၅.၂၀၇ | ၀.၀၆၄ | ၅.၂၇၁ | |
| ကီလို | ၆၄၇၆.၀၁၇ | ၁၀၂.၀၀၀ | ၆၅၇၈.၀၁၇ | |||
| ၈ | ထောပတ်ပဲ | US$ | ၁.၅၄၅ | ၀.၀၁၉ | ၁.၅၆၄ | |
| ကီလို | ၂၄၈၉.၀၂၀ | ၃၅.၀၀၀ | ၂၅၂၄.၀၂၀ | |||
| ၉ | ပဲယင်း | US$ | ၇.၄၅၃ | ၀.၀၀၀ | ၇.၄၅၃ | |
| ကီလို | ၁၁၅၅၀.၉၁၂ | ၀.၀၀၀ | ၁၁၅၅၀.၉၁၂ | |||
| ၁၀ | ပဲကြီး | US$ | ၀.၄၃၄ | ၀.၀၀၀ | ၀.၄၃၄ | |
| ကီလို | ၆၈၈.၂၀၈ | ၀.၀၀၀ | ၆၈၈.၂၀၈ | |||
| ၁၁ | ပဲကတ္တီပါ(စွန်တာနီ) | US$ | ၀.၆၁၃ | ၀.၆၁၃ | ||
| ကီလို | ၉၇၁.၆၆၉ | ၉၇၁.၆၆၉ | ||||
| ၁၂ | စွန်တာပြာ | US$ | ၀.၂၂၉ | ၀.၀၀၀ | ၀.၂၂၉ | |
| ကီလို | ၃၇၂.၉၉၀ | ၀.၀၀၀ | ၃၇၂.၉၉၀ | |||
| ၁၃ | ပဲကတ္တီပါ(စွန်တာနီ/ပြာ) | US$ | ၀.၀၀၀ | ၀.၀၀၀ | ||
| ကီလို | ၀.၀၀၀ | ၀.၀၀၀ | ||||
| ၁၄ | ပဲဖြူလေး | US$ | ၀.၀၂၀ | ၀.၀၀၀ | ၀.၀၂၀ | |
| ကီလို | ၂၈.၀၀၀ | ၀.၀၀၀ | ၂၈.၀၀၀ | |||
| ၁၅ | ဘိုကိတ်ပဲ | US$ | ၃.၃၁၇ | ၀.၀၀၀ | ၃.၃၁၇ | |
| ကီလို | ၄၄၆၅.၅၆၃ | ၀.၀၀၀ | ၄၄၆၅.၅၆၃ | |||
| ၁၆ | ပဲပုတ်စေ့ | US$ | ၀.၀၈၂ | ၀.၀၀၀ | ၀.၀၈၂ | |
| ကီလို | ၁၁၅.၀၀၀ | ၀.၀၀၀ | ၁၁၅.၀၀၀ | |||
| ၁၇ | ပဲနီကြား | US$ | ၀.၀၃၈ | ၀.၀၃၈ | ||
| ကီလို | ၉၅.၀၀၀ | ၉၅.၀၀၀ | ||||
| ၁၈ | နိုင်လွန်ပဲ | US$ | ၀.၀၀၀ | ၀.၀၀၀ | ||
| ကီလို | ၀.၀၀၀ | ၀.၀၀၀ | ||||
| ၁၉ | မြေပဲ(အခွံပါ) | US$ | ၁.၅၂၉ | ၁.၅၂၉ | ||
| ကီလို | ၂၁၃၃.၃၅၁ | ၂၁၃၃.၃၅၁ | ||||
| ၂၀ | မြေပဲဆံ | US$ | ၁၈.၄၅၀ | ၁၄.၉၆၉ | ၃၃.၄၁၉ | |
| ကီလို | ၁၉၃၃၆.၉၀၆ | ၁၅၃၆၈.၀၉၉ | ၃၄၇၀၅.၀၀၅ | |||
| ၂၁ | အခြားပဲ | US$ | ၀.၀၇၈ | ၀.၀၀၀ | ၀.၀၇၈ | |
| ကီလို | ၁၀၀.၇၀၀ | ၀.၀၀၀ | ၁၀၀.၇၀၀ | |||
| ပဲတင်ပို့မှုစုစုပေါင်း | US$ | ၃၃၄.၂၁၁ | ၂၅.၇၃၀ | ၃၅၉.၉၄၁ | ||
| ကီလို | ၄၁၆၂၁၀.၀၆၃ | ၂၈၅၂၃.၉၀၉ | ၄၄၄၇၃၃.၉၇၂ | |||
| Source: Customs | ||||||
