မြန်မာနိုင်ငံ၏ပဲမျိုးစုံတင်ပို့မှုအခြေအနေ
မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှု သည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%)စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့်ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၀၄၅၃၈၅)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၇၇၃.၀၂၈)သန်း၊ နယ်စပ်မှ (၅၆၀၉၇၇)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၄၂၂.၇၇၉)သန်း၊ စုစုပေါင်း (၁၆၀၆၃၆၂) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၁၉၅.၈၀၇)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၀-၂၀၂၁)ဘဏ္ဍာနှစ် (၁-၁၀-၂၀၂၀ မှ ၂၄-၉-၂၀၂၁ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၁၂၂၆၆၇၄.၅၄၆)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၉၅၂.၈၀၂)သန်း၊ နယ်စပ်မှ (၇၈၆၄၅၁.၂၃၁)တန်၊တန်ဖိုး အမေရိကန်ဒေါ်လာ (၆၀၃.၈၅၇)သန်း၊ စုစုပေါင်း (၂၀၁၃၁၂၅.၇၇၇) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၅၅၆.၆၅၉)သန်း တင်ပို့ နိုင်ခဲ့ပါသည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် (၂၄-၉-၂၀၂၁ ရက်နေ့ထိ) ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
| အမေရိကန်ဒေါ်လာသန်း | ||||||
| ကီလို-ထောင်ပေါင်း | ||||||
| စဉ် | အကြောင်းအရာ |
တွက် ပုံ |
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် (၂၄-၉-၂၀၂၁) ထိ |
|||
| ပင်လယ် ရေကြောင်း |
နယ်စပ် | ပေါင်း | ||||
| ၁ | မတ်ပဲ | US$ | ၅၀၈.၉၂၂ | ၉.၈၂၇ | ၅၁၈.၇၄၉ | |
| ကီလို | ၆၅၇၄၇၇.၄၂၉ | ၁၁၁၅၆.၂၃၀ | ၆၆၈၆၃၃.၆၅၉ | |||
| ၂ | ပဲတီစိမ်း | US$ | ၂၃၂.၂၂၈ | ၂၉၀.၇၃၅ | ၅၂၂.၉၆၃ | |
| ကီလို | ၂၅၅၁၄၃.၇၇၇ | ၄၁၅၀၄၈.၁၇၄ | ၆၇၀၁၉၁.၉၅၁ | |||
| ၃ | ပဲတီစိမ်းလုံးခြမ်း | US$ | ၃.၅၂၇ | ၃.၅၂၇ | ||
| ကီလို | ၂၆၅၀.၅၀၀ | ၂၆၅၀.၅၀၀ | ||||
| ၄ | ပဲစဉ်းငုံ | US$ | ၁၄၁.၆၁၃ | ၀.၆၅၄ | ၁၄၂.၂၆၇ | |
| ကီလို | ၂၁၀၃၅၄.၈၇၅ | ၁၁၁၂.၇၅၀ | ၂၁၁၄၆၇.၆၂၅ | |||
| ၅ | ကုလားပဲ | US$ | ၁၄.၀၁၇ | ၁.၉၂၀ | ၁၅.၉၃၇ | |
| ကီလို | ၂၃၉၉၁.၂၄၁ | ၃၁၆၉.၅၅၀ | ၂၇၁၆၀.၇၉၁ | |||
| ၆ | ပဲလွန်းဖြူ | US$ | ၁၀.၃၉၁ | ၁၇.၄၈၀ | ၂၇.၈၇၁ | |
| ကီလို | ၁၁၁၈၃.၂၉၆ | ၃၈၂၈၆.၇၀၄ | ၄၉၄၇၀.၀၀၀ | |||
| ၇ | မြေထောက်ပဲ | US$ | ၁၂.၄၆၆ | ၂၅.၄၉၅ | ၃၇.၉၆၁ | |
| ကီလို | ၁၆၀၄၁.၁၈၃ | ၃၇၆၉၅.၁၇၀ | ၅၃၇၃၆.၃၅၃ | |||
| ၈ | ထောပတ်ပဲ | US$ | ၁၀.၂၅၅ | ၁၅.၃၇၈ | ၂၅.၆၃၃ | |
| ကီလို | ၁၉၁၉၀.၆၄၈ | ၂၅၉၄၅.၆၇၀ | ၄၅၁၃၆.၃၁၈ | |||
| ၉ | ပဲယင်း | US$ | ၁၁.၈၈၃ | ၂၁.၀၃၇ | ၃၂.၉၂၀ | |
| ကီလို | ၁၈၄၇၅.၃၂၄ | ၄၂၇၅၀.၈၄၀ | ၆၁၂၂၆.၁၆၄ | |||
| ၁၀ | ပဲကြီး | US$ | ၀.၃၃၈ | ၁၁.၂၇၅ | ၁၁.၆၁၃ | |
| ကီလို | ၅၆၅.၅၅၈ | ၁၈၈၅၆.၆၅၀ | ၁၉၄၂၂.၂၀၈ | |||
| ၁၁ | ပဲကတ္တီပါ(စွန်တာနီ) | US$ | ၁.၁၄၇ | ၁.၁၄၇ | ||
| ကီလို | ၂၀၀၀.၇၁၅ | ၂၀၀၀.၇၁၅ | ||||
| ၁၂ | စွန်တာပြာ | US$ | ၀.၅၃၉ | ၀.၀၀၀ | ၀.၅၃၉ | |
| ကီလို | ၉၂၆.၁၃၀ | ၀.၀၀၀ | ၉၂၆.၁၃၀ | |||
| ၁၃ | ပဲကတ္တီပါ(စွန်တာနီ/ပြာ) | US$ | ၁၀.၁၄၆ | ၁၀.၁၄၆ | ||
| ကီလို | ၁၅၆၀၈.၂၈၅ | ၁၅၆၀၈.၂၈၅ | ||||
| ၁၄ | ပဲဖြူလေး | US$ | ၀.၀၂၇ | ၀.၀၀၀ | ၀.၀၂၇ | |
| ကီလို | ၄၈.၉၂၅ | ၀.၀၀၀ | ၄၈.၉၂၅ | |||
| ၁၅ | ဘိုကိတ်ပဲ | US$ | ၄.၀၉၅ | ၀.၁၇၈ | ၄.၂၇၃ | |
| ကီလို | ၄၈၈၁.၄၉၂ | ၂၈၈.၀၅၀ | ၅၁၆၉.၅၄၂ | |||
| ၁၆ | ပဲပုတ်စေ့ | US$ | ၂.၅၉၅ | ၁.၀၅၃ | ၃.၆၄၈ | |
| ကီလို | ၄၀၇၆.၈၃၅ | ၂၀၉၉.၃၂၃ | ၆၁၇၆.၁၅၈ | |||
| ၁၇ | ပဲနီကြား | US$ | ၄.၅၂၂ | ၄.၅၂၂ | ||
| ကီလို | ၉၉၆၆.၅၀၀ | ၉၉၆၆.၅၀၀ | ||||
| ၁၈ | နိုင်လွန်ပဲ | US$ | ၂.၄၂၂ | ၂.၄၂၂ | ||
| ကီလို | ၃၃၄၅.၈၂၅ | ၃၃၄၅.၈၂၅ | ||||
| ၁၉ | မြေပဲ(အခွံပါ) | US$ | ၇.၆၄၄ | ၇.၆၄၄ | ||
| ကီလို | ၁၀၀၅၁.၁၁၅ | ၁၀၀၅၁.၁၁၅ | ||||
| ၂၀ | မြေပဲဆံ | US$ | ၂.၀၈၈ | ၁၈၀.၃၄၂ | ၁၈၂.၄၃၀ | |
| ကီလို | ၂၀၆၇.၁၃၄ | ၁၄၇၉၈၅.၁၇၉ | ၁၅၀၀၅၂.၃၁၃ | |||
| ၂၁ | အခြားပဲ | US$ | ၀.၁၉၈ | ၀.၂၂၂ | ၀.၄၂၀ | |
| ကီလို | ၂၄၉.၉၈၄ | ၄၃၄.၇၁၆ | ၆၈၄.၇၀၀ | |||
| ပဲတင်ပို့မှုစုစုပေါင်း | US$ | ၉၅၂.၈၀၂ | ၆၀၃.၈၅၇ | ၁၅၅၆.၆၅၉ | ||
| ကီလို | ၁၂၂၆၆၇၄.၅၄၆ | ၇၈၆၄၅၁.၂၃၁ | ၂၀၁၃၁၂၅.၇၇၇ | |||
Sources : Customs
