“တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ဗဟိုအဆင့်ဈေးကွက်ကြီးကြပ် ကွပ်ကဲမှုဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့အစည်းနှင့် မြန်မာ နိုင်ငံယှဉ်ပြိုင်မှုကော်မရှင်အကြား ယှဉ်ပြိုင်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနားလည်မှုစာချွန်လွှာ” လက်မှတ်ရေးထိုးခြင်း
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၊ နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့၏ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အတွင်း ၁၆-၆-၂၀၂၆ ရက်၌ ပေကျင်းမြို့တွင် မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင် ဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဗဟိုအဆင့် ဈေးကွက်ကြီးကြပ်မှုဆိုင်ရာ စီမံခန့်ခွဲမှု အဖွဲ့အစည်း ဝန်ကြီးတို့က ယှဉ်ပြိုင်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာအား လက်မှတ်ရေးထိုး လဲလှယ်ခဲ့ကြပါသည်။
