စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမြင့်ခိုင် သီလဝါထူးစီးပွားရေးဇုန်ရှိ စက်ရုံများအား ကြည့်ရှုစစ်ဆေး

          စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမြင့်ခိုင်သည် တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၆ ခုနှစ်၊ ဇွန်လ  ၅ ရက်နေ့၊ နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး၊ သန်လျင်မြို့နယ်၊ သီလဝါအထူးစီးပွားရေးဇုန်ရှိ Hansae Myanmar Co., Ltd. သို့ ရောက်ရှိပြီး စက်ရုံအစည်းအဝေးခန်းမအတွင်း တာဝန်ရှိသူတစ်ဦးမှ ပို့ကုန်/သွင်းကုန်ဆောင်ရွက် နိုင်မှုအခြေအနေများအား ရှင်းလင်းပြောကြားခဲ့ရာ ဒုတိယဝန်ကြီးမှ လိုအပ်သည်များ မှာကြားခဲ့ ပြီး စက်ရုံအတွင်း ပြည်ပသို့တင်ပို့ရန် အဝတ်အထည်အမျိုးမျိုး ထုတ်လုပ်နေမှုအဆင့်ဆင့်အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ပါသည်။  

          ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် Kianjoo Can Myanmar Co., Ltd. ၏ အလူ မီနီယံထုတ်လုပ်သည့် စက်ရုံသို့ရောက်ရှိပြီး အလူမီနီယံဘူးခွံအမျိုးမျိုးထုတ်လုပ်နေမှုအား ကြည့်ရှု ကာ ပြည်တွင်း၌ သုံးစွဲရန်အတွက် ဖြန့်ဖြူးပေးရန်နှင့် ပိုလျှံသည်များကို ပြည်ပသို့ တင်ပို့နိုင်ရေး တို့အား မှာကြားခဲ့ပြီး ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် Zifan Pyrex Myanmar Co., Ltd. ဆေးဝါးထုတ်လုပ်ရေးစက်ရုံသို့ ရောက်ရှိပြီး ရှင်းလင်းဆောင်တွင် တာဝန်ရှိသူက ကုန်ကြမ်း ဝယ်ယူရရှိမှု၊ ထုတ်လုပ်ပြီးဆေးဝါးများအား ပြည်တွင်းပြည်ပ ဖြန့်ဖြူးရောင်းချနေမှုတို့အား ရှင်းလင်း တင်ပြပြီး စက်ရုံအတွင်း ဆေးဝါးများထုတ်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးကာ ဆေးဝါးများအား အရည် အသွေးပြည့်မီစေရေး အလေးထားဆောင်ရွက်ရန်၊ ပြည်ပသို့ တင်ပို့ရာတွင် နိုင်ငံတကာ ဈေးကွက်၌ ယှဉ်ပြိုင်နိုင်ရေးနှင့် စံချိန်စံညွှန်းအရည်အသွေးပြည့်မီစေရေးနှင့် ပြည်ပပို့ကုန်တိုးမြှင့် တင်ပို့နိုင်ရေး အလေးထားဆောင်ရွက်သွားကြရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။