အီရန်စစ်ပွဲကြောင့် စီးပွားရေးထိခိုက်မှုများကို လျှော့ချရန် လုပ်ငန်းစဉ်များအား အာဆီယံခေါင်းဆောင်များ ချမှတ်အတည်ပြု

 

ဖိလစ်ပိုင်နိုင်ငံတွင် ၂၀၂၆ ခုနှစ်၊ မေလ ၅ ရက်နေ့မှ ၉ ရက်နေ့အထိ ကျင်းပခဲ့သည့် အာဆီယံထိပ်သီး အစည်းအဝေးတွင် အရှေ့တောင်အာရှခေါင်း ဆောင်များက အီရန်စစ်ပွဲကြောင့် ဒေသတွင်းစီးပွားရေးအပေါ် သက်ရောက်မှုများကို လျှော့ချရန်နည်းလမ်းများအားသဘောတူညီခဲ့ကြသော် လည်း၎င်းတို့ကိုအကောင်အထည်ဖော်ရန် အချိန်ယူရမည်ဖြစ်ကြောင်း ဝန်ခံပြောကြားခဲ့ပါသည်။

ဟောမုဇ်ရေလက်ကြား ပိတ်ဆို့မှုကြောင့် ဖြစ်ပေါ်လာသော ကမ္ဘာ့စွမ်းအင်အကျပ်အတည်းနှင့်စပ်လျဉ်း၍ ဒေသတွင်းလောင်စာဆီ မျှဝေသုံးစွဲရေးမူဘောင် (regional fuel-sharing framework) ကို သဘောတူညီခဲ့ကြသော်လည်း လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်အပါအဝင် ဦးစားပေးနိုင်ငံ၊ ငွေပေးချေမှု၊ ဖြန့်ဝေမှု သို့မဟုတ် ဖလှယ်မှုစသည့် အဓိကအချက်အလက်များကို ဆက်လက်အတည်ပြုရန် လိုအပ်နေသေးကြောင်း အာဆီယံဥက္ကဌဖြစ်သူ ဖိလစ်ပိုင်သမ္မတ Ferdinand Marcos Jr က ပြောကြားခဲ့ပါသည်။ 

လက်ရှိတွင် အာဆီယံ၏ ရေနံစိမ်းလိုအပ်ချက်ထက်ဝက်ကျော်နှင့်သဘာဝဓာတ်ငွေ့ ၁၇ % ကိုအရှေ့အလယ်ပိုင်းဒေသမှတင်သွင်းနေရာဒေသတွင်းလျှပ်စစ်ဓာတ်အားကွန်ရက် (Power Grid) နှင့် အရန်လောင်စာဆီထားရှိရန်လည်း သဘောတူညီခဲ့ကြသည်။ 

ဖိလစ်ပိုင်နိုင်ငံသည် လောင်စာဆီအရန် လျော့နည်းလာမှုကြောင့် မတ်လနှောင်းပိုင်းက ကမ္ဘာ့ပထမဆုံး နိုင်ငံတော်အဆင့် အရေးပေါ်အခြေအနေကြေညာခဲ့ရသောနိုင်ငံဖြစ်ပြီး သမ္မတမားကို့စ်က ရက်သတ္တပတ် အနည်းငယ်အတွင်း ပြတ်တောက်မှု (disruption) ကို ပြန်လည်ကုစားရန် နှစ်များစွာ အချိန်ယူရ မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိပ်သီးအစည်းအဝေး၏ အဓိကအကြောင်းအရာမှာ စည်းလုံးညီညွတ်ရေးပင်ဖြစ်ပြီး အာဆီယံနိုင်ငံများသည် ၎င်းတို့၏ အမျိုးသားအကျိုးစီးပွားကို ကာကွယ်ရန် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ် ကြောင်း ကတိပြုခဲ့ကြသည်။ ထို့အပြင် အာဆီယံအဖွဲ့အနေဖြင့် ပြီးခဲ့သည့်နှစ်က သမ္မတဒေါ်နယ် ထရမ့်ချမှတ်ခဲ့သော အခွန်တိုးမြှင့်မှုများကြောင့် ဖြစ်ပေါ်ခဲ့သည့်ထိခိုက်မှုများမှ ပြန်လည်နလံထူလာသော်လည်း နောင်တွင် ဖြစ်ပေါ်လာမည့် ကမ္ဘာ့အကျပ်အတည်းများမှ ကာကွယ်နိုင်ရန် အခြားနိုင်ငံများနှင့် ဆက်ဆံရေး မည်သို့ထူထောင်ထားမည်ကို စဉ်းစားနေကြကြောင်း Aljazera သတင်းထောက်က သုံးသပ်ထားပါသည်။

ရင်းမြစ်   https://www.aljazeera.com