ပို့ကုန်သွင်းကုန်လုပ်ထုံးလုပ်နည်းသင်တန်းအမှတ်စဉ် (၁/၂၀၂၆) (သတင်းအပြည့်အစုံ)

ပို့ကုန်သွင်းကုန်လုပ်ထုံးလုပ်နည်းသင်တန်းအမှတ်စဉ် (၁/၂၀၂၆)

(သတင်းအပြည့်အစုံ)

၁။           ကုန်သွယ်ရေးဦးစီးဌာနတွင် လုပ်ငန်းလိုအပ်ချက်အရ ခန့်ထားသည့် အငယ်တန်းစာရေး များ၊ နေ့စားဝန်ထမ်းများ၊ ဌာနတွင်းမှ သင်တန်းတက်ရောက်ရန် ကျန်ရှိသည့် ဝန်ထမ်းများအတွက် "ပို့ကုန်သွင်းကုန်လုပ်ထုံးလုပ်နည်းသင်တန်း အမှတ်စဉ် (၁/၂၀၂၆)" ကို ၂၀၂၆ ခုနှစ်၊ မေလ ၄ ရက်နေ့ မှ ၂၉ ရက်နေ့ထိ ရက်သတ္တပတ် (၄) ပတ်ကြာ ကုန်သွယ်ရေးဦးစီးဌာန၊ ဧရာဝတီသင်တန်းခန်းမ၌ ဖွင့်လှစ်မည်ဖြစ်ပါသည်။
၂။            အဆိုပါသင်တန်းကို ရုံးဖွင့်ရက် (တနင်္လာ၊ အင်္ဂါ၊ ကြာသပတေး၊ သောကြာ) နေ့များတွင် နံနက် (၁၀:၀၀) နာရီမှ နေ့လယ် (၁၂:၃၅) နာရီထိ အချိန်ထိ သင်ကြားပို့ချမည် ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၄၇) ဦး တက်ရောက်ကြပါသည်။