စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ ရန်ကုန်တိုင်းဒေသကြီးရှိ ဦးစီးဌာနများမှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းအား ရှင်းလင်းပြောကြား
နေပြည်တော်၊ ဧပြီ ၂၆
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့၊ နံနက် ၁၁:၀၀ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်း မြို့နယ်၊ ကမ်းနားလမ်းရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ တိုင်းဦးစီးမှူးရုံး၊ စုပေါင်း ခန်းမ၌ ဦးစီးဌာနများမှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းရှင်းလင်းပွဲအခမ်း အနားသို့ တက်ရောက်အမှာစကား ပြောကြားခဲ့သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းများတွင်ပါရှိသော စီးပွား ရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လမ်းညွှန်မှာကြားချက်များကို အသေးစိတ်ရှင်းလင်းပြောကြားပါ သည်။ နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းပါ လမ်းညွှန်ချက်များအား ဝန်ထမ်းများအနေဖြင့် လုပ်ငန်း လမ်းညွှန်အဖြစ် ခံယူပြီး အင်တိုက်အားတိုက် အကောင်အထည်ဖော်ဆောင်ရွက်ရန်လိုအပ် ကြောင်း၊ အထူးသဖြင့် ကုန်သွယ်မှုကဏ္ဍတွင် ပွင့်လင်းမြင်သာမှုရှိစေရန်နှင့် လုပ်ထုံးလုပ်နည်းများ လွယ်ကူလျင်မြန်စေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် နိုင်ငံတော်၏ စီးပွားရေးမောင်းနှင်အား ဖြစ်သည့် ပို့ကုန်ကဏ္ဍမြှင့် တင်ရေးအတွက် အစွမ်းကုန်ကြိုးစားကြရန် ပြောကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး နှင့်ပတ်သက်၍ တစ်ဦးချင်းစီမှ တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် ရုံးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ကြရန်၊ ဝန်ထမ်းများဖြစ်သည်နှင့်အညီ ပေးအပ်သော တာဝန်နှင့် ဝတ္တရားများကို ကျေ ပွန်စွာ ဝိုင်းဝန်းဆောင်ရွက်ကြရန်၊ နိုင်ငံတော်မှ ချမှတ်ထားသည့် အမိန့်၊ ညွှန်ကြားချက်များ၊ စည်းမျဉ်း စည်းကမ်းများ၊ ဥပဒေများအား တိကျစွာလိုက်နာဆောင်ရွက်ကြရန်၊ ဌာနတွင်း စည်းလုံးညီညွှတ်မှု ကို တည်ဆောက်ပြီး ဝန်ထမ်းကျင့်ဝတ်နှင့်အညီ ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်ကြရန်နှင့် ခေတ်စနစ်နှင့်အညီ e-Government လုပ်ငန်းစဉ်များကို ကျွမ်းကျင်စွာအသုံးပြုပြီး ဝန်ဆောင်မှု ပေးနိုင်ရန်အတွက် အမြဲလေ့လာဆည်းပူးကြရန်တို့ကို လမ်းညွှန်မှာ ကြားခဲ့သည်။
အဆိုပါဝန်ထမ်းများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဦးစီးမှူးများနှင့် ဝန်ထမ်း များ စုစုပေါင်း (၁၉၇) ဦး တက်ရောက်ကြကြောင်း သတင်းရရှိပါသည်။
