အမှုထမ်းများတွက် လုပ်ငန်းခွင်သုံး ဥပဒေများဆိုင်ရာ အသိပညာပြန့်ပွားရေး သင်တန်းအမှတ်စဉ် (၈/၂၀၂၅) (သတင်းအပြည့်အစုံ)
အမှုထမ်းများတွက် လုပ်ငန်းခွင်သုံး ဥပဒေများဆိုင်ရာ အသိပညာပြန့်ပွားရေး
သင်တန်းအမှတ်စဉ် (၈/၂၀၂၅)
(သတင်းအပြည့်အစုံ)
၁။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအား ဥပဒေဆိုင်ရာ အသိပညာများရရှိပြီး ဥပဒေကိုလေးစားလိုက်နာသော နိုင်ငံ့ဝန်ထမ်းကောင်းများ ဖြစ်စေရန်အတွက် ရည်ရွယ်၍ အမှုထမ်းများတွက်လုပ်ငန်းခွင်သုံး ဥပဒေများဆိုင်ရာ အသိပညာ ပြန့်ပွားရေး သင်တန်းအမှတ်စဉ် (၈/၂၀၂၅) သင်တန်းကို ပြည်ထောင်စုဝန်ကြီးရုံး မှ အမှုထမ်း(၁၂)ဦး၊ ကုန်သွယ်ရေးဦးစီးဌာန မှ အမှုထမ်း (၃၆) ဦး၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့တို့မှ အမှုထမ်း (၁၃) ဦး၊ စုစုပေါင်း (၆၁) ဦး တက်ရောက်၍ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ(၁၂) ရက်နေ့ မှ စတင်၍ ရုံးအမှတ် (၃) မြေညီထပ်ရှိ အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ပို့ချလျက်ရှိပါသည်။
၂။ အဆိုပါသင်တန်းတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ကျင့်သုံးလျက်ရှိသောဥပဒေများနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဥပဒေကျွမ်းကျင်သည့် အရာထမ်းများက ဆွေးနွေး ပို့ချမည်ဖြစ်ပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၂) ရက်နေ့မှ စ၍ (၁၂) ရက်ကြာ ဖွင့်လှစ်ပို့ချမည် ဖြစ်ပါသည်။
