OPEC+ နိုင်ငံများက ရေနံထုတ်လုပ်မှုတိုးမြှင့်ရန် စီစဉ်ခဲ့သောကြောင့် ရေနံဈေး ၃ % ကျဆင်း
OPEC+ နိုင်ငံများက နိုဝင်ဘာလတွင် ရေနံထုတ်လုပ်မှုတိုးမြင့်ရန် စီစဉ်နေခြင်း၊ အီရတ်၏ ကာဒစ်စတန်ဒေသက တူရကီမှတစ်ဆင့် ရေနံတင်ပို့မှု ပြန်လည်စတင်ခြင်းတို့ကြောင့် ကမ္ဘာ့ရေနံရောင်းလိုအား မြင့်တက်လာကာ ပြီးခဲ့သည့် တနင်္လာနေ့တွင် ရေနံစျေးနှုန်းများ ၃ % ကျဆင်းခဲ့ပါသည်။ ဇူလိုင်လကုန်က Brent စံချိန်စံညွှန်းဖြင့် ရေနံစိမ်းရှယ်ယာဈေးသည် တစ်စည်လျှင် ၆၇.၉၇ ဒေါ်လာဖြင့် ၂.၁၆ ဒေါ်လာ သို့မဟုတ် ၃.၁ % ကျဆင်းခဲ့ပါသည်။ အမေရိကန်တက္ကဆက်ပြည်နယ်အနောက်ပိုင်း စံချိန်စံညွှန်းဖြင့် အလယ်အလတ်အဆင့် ရေနံစိမ်းသည် တစ်စည်လျှင် ဒေါ်လာ ၂.၂၇ သို့မဟုတ် ၃.၄၅ % ကျဆင်းခဲ့ပြီး ဒေါ်လာ ၆၃.၄၅ ပေါက်ဈေး ရှိခဲ့ပါသည်။
စျေးကွက်ဝေစု ပိုမိုရရှိရန် OPEC+ က နိုဝင်ဘာလတွင် တစ်ရက်လျှင် အနည်းဆုံး ရေနံစိမ်းစည်ပေါင်း ၁၃၇,၀၀၀ ထုတ်လုပ်မည်ဟု ကြေညာလာနိုင်ကြောင်း၊ လက်ရှိတွင် OPEC+ သည် ရည်မှန်းချက်ထက် လျော့နည်း၍ တနေ့လျှင် ရေနံစိမ်းစည် ၅ သိန်းနီးပါး ထုတ်လုပ်နေကြောင်း၊ OPEC+ အနေဖြင့် စျေးကွက်ဝေစုဆီသို့ ဦးတည်နေရာ ပိုမိုပျော့ပျောင်းသော အခြေခံအချက်များဖြင့် ရောင်းလိုအားများလာမည်ကို စိုးရိမ်ရကြောင်း စွမ်းအင်လုပ်ငန်းတစ်ခုဖြစ်သော Rystad Energy ၏ စီးပွားရေးပညာရှင် Claudio Galimbertiက ပြောကြားခဲ့သည်။
အီရတ်၊ ရေနံလုပ်ငန်းဝန်ကြီးဌာနက အီရတ်မြောက်ပိုင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကာဒစ်စတန်ဒေသမှ ရေနံစိမ်းကို ပထမဆုံးအကြိမ်၊တူရကီနိုင်ငံသို့ ပိုက်လိုင်းမှတစ်ဆင့် တနေ့လျှင် ရေနံစိမ်းစည် ၁၅၀,၀၀၀ မှ ၁၆၀,၀၀၀ ခန့် ရောင်းချခဲ့ကြောင်း၊ နိုင်ငံတကာဈေးကွက်များသို့ ပြန်လည်ရောင်းချမှုသည် တနေ့လျှင် ရေနံစိမ်းစည် ၂၃၀,၀၀၀ ရရှိရန် ရည်မှန်းထားကြောင်း ပြောကြားခဲ့ပါသည်။
ရင်းမြစ်။ https://www.reuters.com