မူပိုင်ခွင့်ဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော အမှုထမ်းရာထူး(၂၁) နေရာအတွက် လျှောက်လွှာခေါ်ယူခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
မူပိုင်ခွင့်ဦးစီးဌာန
ကြော်ငြာစာအမှတ် (၁/၂၀၂၅)
လျှောက်လွှာခေါ်ယူခြင်း
၁။      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနတွင် လစ်လပ်လျက်ရှိ သော အောက်ဖော်ပြပါ အမှုထမ်းရာထူး (၂၁) နေရာအတွက် လျှောက်လွှာခေါ်ယူခြင်းဖြစ်ပါသည်-
          (က)    ဒုတိယဦးစီးမှူး                                                လစ်လပ်( ၉ ) နေရာ  
                   (လစာနှုန်းကျပ် ၂၁၆၀၀ဝ-၂၀၀ဝ-၂၂၆၀၀ဝ)          
          ( ခ )   အငယ်တန်းစာရေး                                           လစ်လပ် ( ၆ ) နေရာ 
                   (လစာနှုန်းကျပ် ၁၈၀၀၀ဝ-၂၀၀ဝ-၁၉၀၀၀ဝ)
          ( ဂ )   ယာဉ်မောင်း-၅                                                လစ်လပ် ( ၁ ) နေရာ 
                   (လစာနှုန်းကျပ် ၁၆၂၀၀ဝ-၂၀၀ဝ-၁၇၂၀၀ဝ)
          (ဃ)    ရုံးအကူ                                                          လစ်လပ် ( ၅ ) နေရာ 
                   (လစာနှုန်းကျပ် ၁၄၄၀၀ဝ-၂၀၀ဝ-၁၅၄၀၀ဝ) 
၂။       အထက်ဖော်ပြပါ ရာထူးနေရာများအတွက် လျှောက်ထားသူသည်-
          (က)    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။
          ( ခ )   ဒုတိယဦးစီးမှူးရာထူးအတွက် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိသူဖြစ်ရမည်။ 
                   ( အင်္ဂလိပ်၊ ဥပဒေ၊  စီးပွားရေး၊ ကွန်ပျူတာဘွဲ့ရရှိသူများ ဦးစားပေးမည်။)
                   (ကွန်ပျူတာကျွမ်းကျင်သူဖြစ်ရမည်။)
          ( ဂ )   အငယ်တန်းစာရေးရာထူးအတွက် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိသူဖြစ်ရမည်။ 
                   (ကွန်ပျူတာကျွမ်းကျင်သူဖြစ်ရမည်။)
          (ဃ)    ယာဉ်မောင်း-၅ ရာထူးအတွက် အခြေခံပညာမူလတန်းအောင်မြင်ပြီးသူ ဖြစ်ရမည်။
                   (အနိမ့်ဆုံး ယာဉ်မောင်း(ခ)လိုင်စင် ရှိသူဖြစ်ရမည်။ ယာဉ်မောင်းအတွေ့အကြုံ အနည်း ဆုံး ၃ နှစ် ရှိပြီး မော်တော်ယာဉ်ကျွမ်းကျင်စွာ မောင်းနှင်နိုင်သူ ဖြစ်ရမည်။)
          ( င )   ရုံးအကူရာထူးအတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်ပြီးသူ ဖြစ်ရမည်။
                   (ကွန်ပျူတာကျွမ်းကျင်သူကို ဦးစားပေးမည်။)
          ( စ )   ကျန်းမာရေးကောင်းမွန်သူဖြစ်ပြီး နေရာဒေသမရွေး သွားရောက်တာဝန်ထမ်းဆောင် နိုင်သူ ဖြစ်ရမည်။
          (ဆ)    ပါတီနိုင်ငံရေးကင်းရှင်းသူ၊ ပြစ်မှုကျူးလွန်ခဲ့ခြင်း မရှိသူဖြစ်ရမည်။
          ( ဇ )   ဌာနဆိုင်ရာတစ်ခုခုတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ပြစ်မှု၊ ပြစ်ဒဏ် တစ်ခုခုကျခံခဲ့သူ၊ နုတ်ထွက်ခဲ့သူ  မဖြစ်စေရ။
          ( ဈ )   ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်တွင် (၁၈)နှစ်ပြည့်ပြီး  အသက်(၃၀)နှစ်ထက် မကျော် လွန်သူဖြစ်ရမည်။(လက်ရှိဝန်ထမ်းဖြစ်ပါက အသက်(၃၅)နှစ်ထက် မကျော်လွန်သူဖြစ် ရမည်။)
          (ည)    အထက်ဖော်ပြပါ ရာထူးအဆင့်များအားလုံးအတွက် ဌာနတွင် အနည်းဆုံးတစ်ဆက် တည်း(၃)နှစ်ပြည့်သည်အထိ တာဝန်ထမ်းဆောင်ရန် ဝန်ခံကတိပြုလက်မှတ်ရေးထိုး ရမည်။
          ( ဋ )   ဒုတိယဦးစီးမှူးရာထူးလျှောက်ထားသူသည် ခိုင်လုံသောအကြောင်းပြချက် တစ်စုံတစ်ရာ မရှိဘဲ(၃)နှစ်ပြည့်သည်အထိ တစ်ဆက်တည်းတာဝန်ထမ်းဆောင်ရန် ပျက်ကွက်ပါက လျော်ကြေးငွေကျပ်(၂၀)သိန်း(ကျပ်နှစ်ဆယ်သိန်းတိတိ)ကို တစ်လုံးတစ်ခဲ တည်းပေး လျော်ရမည်။
          ( ဌ )   အငယ်တန်းစာရေးရာထူးလျှောက်ထားသူသည် ခိုင်လုံသောအကြောင်းပြချက်တစ်စုံ တစ်ရာမရှိဘဲ(၃)နှစ်ပြည့်သည် အထိတစ်ဆက်တည်း တာဝန်ထမ်းဆောင်ရန် ပျက်ကွက် ပါက လျော်ကြေးငွေကျပ် (၁၀) သိန်း (ကျပ်ဆယ်သိန်းတိတိ) ကို တစ်လုံးတစ်ခဲတည်း ပေးလျော်ရမည်။
          ( ဍ )   ယာဉ်မောင်း-၅ ရာထူးလျှောက်ထားသူသည် ခိုင်လုံသောအကြောင်းပြချက် တစ်စုံတစ်ရာ မရှိဘဲ(၃)နှစ်ပြည့်သည်အထိ တစ်ဆက်တည်းတာဝန်ထမ်းဆောင်ရန် ပျက်ကွက်ပါက လျော်ကြေးငွေကျပ်(၅)သိန်း (ကျပ်ငါးသိန်းတိတိ)ကို တစ်လုံးတစ်ခဲတည်း ပေးလျော် ရမည်။
          ( ဎ )   ရုံးအကူရာထူး လျှောက်ထားသူသည် ခိုင်လုံသောအကြောင်းပြချက် တစ်စုံတစ်ရာ မရှိဘဲ (၃)နှစ်ပြည့်သည်အထိ တစ်ဆက်တည်းတာဝန်ထမ်းဆောင်ရန် ပျက်ကွက် ပါက လျော်ကြေး ငွေကျပ် (၅) သိန်း (ကျပ်ငါးသိန်းတိတိ) ကို တစ်လုံးတစ်ခဲတည်း ပေးလျော်ရမည်။
၃။      လျှောက်လွှာတွင်-
          (က)    လျှောက်ထားသူ၏ အမည်နှင့်နိုင်ငံသားစိစစ်ရေးကတ်အမှတ်။
          ( ခ )   မွေးသက္ကရာဇ်။
          ( ဂ )   လူမျိုးနှင့်ကိုးကွယ်သည့်ဘာသာ။
          (ဃ)    လျှောက်ထားလိုသည့်ရာထူး။
          ( င )   ပညာအရည်အချင်း၊ အောင်မြင်သည့် ခုနှစ်နှင့်အောင်မြင်ခဲ့သည့်ကျောင်း/တက္ကသိုလ်။
          ( စ )   မိဘအမည်၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ်နှင့်၎င်းတို့၏အလုပ်အကိုင်။
          (ဆ)    ဆက်သွယ်ရန်လိပ်စာအပြည့်အစုံနှင့်ဖုန်းနံပါတ်။
          ( ဇ )   အမြဲတမ်းနေရပ်လိပ်စာ အပြည့်အစုံနှင့်ဖုန်းနံပါတ်။
၄။      လျှောက်လွှာနှင့်အတူ အောက်ပါစာရွက်စာတမ်းများ ပူးတွဲပါရှိရမည်-
          (က)    ဒုတိယဦးစီးမှူး၊ အငယ်တန်းစာရေးနှင့် ရုံးအကူရာထူးများတွင် ပညာအရည်အချင်း အထောက်အထားအတွက် ဘွဲ့လက်မှတ်မိတ္တူ၊ တက္ကသိုလ်ဝင်တန်းအောင်လက်မှတ် မိတ္တူ၊
          ( ခ )   ယာဉ်မောင်း-၅ ရာထူးတွင် အထောက်အထားအတွက် ယာဉ်မောင်းလိုင်စင်မိတ္တူ၊ 
          ( ဂ )   နှစ်လအတွင်း ရိုက်ကူးထားသော ပတ်စ်ပို့အရွယ်ဓာတ်ပုံ(၃)ပုံ၊
          (ဃ)    နိုင်ငံ့ဝန်ထမ်းမဟုတ်သူများအတွက် အလုပ်သမားမှတ်ပုံတင်ကတ်မိတ္တူ၊
          ( င )   နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ၊
          ( စ )   သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးထံမှ (၆)လ အတွင်းရယူထားသည့် အကျင့်စာရိတ္တကောင်းမွန်ကြောင်း ထောက်ခံချက်(မူရင်း)၊
          (ဆ)    သက်ဆိုင်ရာမြန်မာနိုင်ငံရဲတပ်ဖွဲ့စခန်းမှ (၆)လ အတွင်းရယူထားသည့် ပြစ်မှုကင်းရှင်း ကြောင်း ထောက်ခံချက်(မူရင်း)။ 
၅။      နိုင်ငံ့ဝန်ထမ်းများသည် မူရင်းလျှောက်လွှာတစ်စောင်ကို မိမိတာဝန်ထမ်းဆောင်သည့်ဌာနမှ တစ်ဆင့် သက်ဆိုင်ရာဝန်ကြီးဌာန၏ ခွင့်ပြုချက်ရယူ၍ လည်းကောင်း၊ ပြင်ပမှ လျှောက်ထားသူများ အနေဖြင့် ဤဦးစီးဌာန(နေပြည်တော်)ရုံးချုပ်သို့ ၁၂-၉-၂၀၂၅ ရက်နေ့(သောကြာနေ့) အရောက် နောက်ဆုံးထား၍ လျှောက်ထားရန်ဖြစ်ပါသည်။
၆။      စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို ၁၇-၉-၂၀၂၅ ရက်နေ့နှင့် ၁၈-၉-၂၀၂၅ ရက်နေ့များတွင် ကာယကံရှင်ကိုယ်တိုင် နိုင်ငံသားစိစစ်ရေးကတ်ပြားပြသ၍ မူပိုင်ခွင့်ဦးစီးဌာန၊ ရုံးအမှတ်(၅၂)၊ နေပြည်တော်၌ ရုံးချိန်အတွင်း ထုတ်ယူရန် ဖြစ်ပါသည်။
၇။      ဒုတိယဦးစီးမှူး၊ အငယ်တန်းစာရေးနှင့် ရုံးအကူ ရာထူးနေရာအတွက် ရေးဖြေစာမေးပွဲကို အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတ၊ ကွန်ပျူတာကျွမ်းကျင်မှု(လက်တွေ့) ကို  ဖြေဆိုရမည်။ ရေးဖြေ စာမေးပွဲကို ၂၀-၉-၂၀၂၅ ရက်နေ့တွင် စစ်ဆေးခြင်းပြုလုပ်မည်ဖြစ်ပြီး ပဏာမရွေးချယ်ခံရသူများ ကို ဌာနမှ ဆက်သွယ်အကြောင်းကြားပါမည်။
၈။      ၂၄-၉-၂၀၂၅ ရက်နေ့တွင် ဒုတိယဦးစီးမှူး၊ အငယ်တန်းစာရေး၊ ယာဉ်မောင်း-၅နှင့် ရုံးအကူ ရာထူးနေရာများအတွက် လူတွေ့/လက်တွေ့ စစ်ဆေးမည် ဖြစ်ပါသည်။ 
၉။      အသက်ကန့်သတ်ချက်ကျော်လွန်သူများ၊ အချက်အလက်မပြည်စုံသောလျှောက်လွှာများနှင့် လျှောက်လွှာပိတ်ရက်ထက် နောက်ကျသောလျှောက်လွှာများအား လက်ခံစဉ်းစားမည်မဟုတ်ပါကြောင်း နှင့် အသေးစိတ်သိရှိလိုပါက ရုံးအမှတ်(၅၂)၊ မူပိုင်ခွင့်ဦးစီးဌာန၊  နေပြည်တော် (ရုံးချုပ်)သို့ လူကိုယ်တိုင် ဖြစ်စေ၊ ဖုန်းနံပါတ် (၀၆၇-၃၄၃၀၅၇၁)သို့ဖြစ်စေ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။
                                                                                                မူပိုင်ခွင့်ဦးစီးဌာန
