“အီးယူနိုင်ငံများနှင့် အာဆီယံ‌ဒေသအတွင်း ယှဉ်ပြိုင်မှုဥပဒေနှင့်မူဝါဒ ပြဋ္ဌာန်းခြင်းဆိုင်ရာ ဆွေးနွေးပွဲ” တက်ရောက်ခြင်း

အီးယူနိုင်ငံများနှင့် အာဆီယံ‌ဒေသအတွင်း ယှဉ်ပြိုင်မှုဥပဒေနှင့်မူဝါဒ ပြဋ္ဌာန်းခြင်းဆိုင်ရာ ဆွေးနွေးပွဲကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွင် အွန်လိုင်းမှ Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ ပါသည်။ ဆွေးနွေးပွဲတွင် အီးယူ-အာဆီယံ စီးပွားရေးကော်မရှင်၊ ယှဉ်ပြိုင်မှုနှင့်ဈေးကွက်ထိန်းချုပ်မှု ဆန့်ကျင့်ရေးအဖွဲ့၏ ဘုတ်အဖွဲ့ဝင်ဖြစ်သူ Mr.Maksim Yermаlovich နှင့် ကမ္ဘော ဒီးယားနိုင်ငံ ယှဉ်ပြိုင်မှု ကော်မရှင်အဖွဲ့ဝင် Mr. H.E. Ly Sopoirvichny တို့က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ EAEU အဖွဲ့ဝင်နိုင်ငံများဖြစ်သော ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘီလာရုစ်နိုင်ငံ၊ ကာဇက်စတန်နိုင်ငံ၊ အာမေးနီးယားနိုင်ငံနှင့် ကာဂျစ်စတန်နိုင်ငံတို့တွင် ပြဋ္ဌာန်းကျင့်သုံးလျက်ရှိသော ယှဉ်ပြိုင်မှုဥပဒေနှင့်မူဝါဒများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏  ယှဉ်ပြိုင်မှုဥပဒေနှင့်မူဝါဒများ၊ EEC ၏ ယှဉ်ပြိုင်မှုဆိုင်ရာ အထွေထွေစည်းမျဉ်းများနှင့်အညီ ထိန်းချုပ်ခြင်း အတွေ့အကြုံများ၊ အာဆီယံ၏ ယှဉ်ပြိုင်မှုဥ‌ပဒေပြဋ္ဌာန်းခြင်းဆိုင်ရာ အတွေ့အကြုံများဖလှယ်ခြင်း၊ EEC နှင့် အာဆီယံအကြား နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများ၊ ယှဉ်ပြိုင်မှုဆိုင်ရာ အသိပညာပေးခြင်းများ ပြုလုပ်ရန်ဖြစ်ပါသည်။

            ဆွေးနွေးပွဲသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ အီးယူ-အာဆီယံစီးပွားရေး ကော်မရှင် (Eurasian Economic Commission - EEC) မှ ယှဉ်ပြိုင်မှုဆိုင်ရာကျွမ်းကျင်သူများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါ သည်။ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်များအဖြစ် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်အဖွဲ့ဝင်ဦးဇေယျသူရမွန်နှင့် ကော်မရှင်ရုံးမှ အရာထမ်း၊ အမှုထမ်းများက တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။