အိန္ဒိယ၊ ဒီဂျစ်တယ်သတင်းထုတ်ပြန်သူများအဖွဲ့က AI အသုံးပြုမှုတွင် မူပိုင်ခွင့်ကာကွယ်ရေးကို ကြိုဆိုထောက်ခံ

 

အိန္ဒိယ၊ စက်မှုနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဉာဏ်ရည်တု(AI)နှင့် မူပိုင်ခွင့်ဥပဒေအကြား ဆက်နွယ်မှုကို ပြန်လည်သုံးသပ်ရန် ကြိုးပမ်းမှုအပေါ် အိန္ဒိယ၊ဒီဂျစ်တယ်သတင်းထုတ်ပြန်သူများအဖွဲ့က ယင်းသည် ဒီဂျစ်တယ်အကြောင်းအရာ ဖန်တီးသူများအတွက် မျှတမှုရှိရေး အရေးကြီးသော အဆင့်ဖြစ်ကြောင်းနှင့် ကြိုဆိုကြောင်း သောကြာနေ့တွင် သတင်းထုတ်ပြန်ခဲ့ပါသည်။

ဒီဂျစ်တယ်သတင်းထုတ်ပြန်သူများအသင်းက AI ဖြင့် စက်၏ စွမ်းဆောင်ရည်ကို မြှင့်တင်ခြင်းနှင့် AI ဖြင့် အချက်အလက်ရှာဖွေသည့် အပလီကေးရှင်းများသည်     မူပိုင်ခွင့်ကို ချိုးဖောက်​ကြောင်း၊ မိမိတို့အသင်း၏ သဘောတူညီချက်မပါပဲ ဒီဂျစ်တယ်အကြောင်းအရာများ ဖန်တီးခြင်း၊ AI အပလီကေးရှင်းများဖြင့် သတင်းအချက်အလက်ရှာဖွေခြင်းသည် မူပိုင်ခွင့်ချိုးဖောက်​ကြောင်း ပြောကြားခဲ့သည်။

အစိုးရအနေဖြင့် ဒီဂျစ်တယ်အကြောင်းအရာဖန်တီးသူများ၏ တီထွင်ဆန်းသစ်မှုများကို အားပေးရမည်ဖြစ်သလို ၎င်းတို့အခွင့်အရေးများအတွက် မူဘောင်တစ်ခု ချမှတ်ပေးရန်လိုကြောင်း၊ နိုင်ငံတွင် ဒီဂျစ်တယ်သတင်းမီဒီယာဖွံ့ဖြိုးတိုးတက်ရေး ဒီဂျစ်တယ် အကြောင်းအရာ ဖန်တီးသူများ မျှတစွာ ယှဉ်ပြိုင်နိုင်ရန် အရေးကြီးကြောင်း၊ အနာဂတ်တွင်လည်း AI မော်ဒယ်အသစ်များ ထွက်ပေါ်လာပြီး အဆင့်မြင့်တက်သွားရန်နှင့် ဒီဂျစ်တယ်အကြောင်းအရာဖန်တီးသူများ၏ နစ်နာမှုအတွက် မျှတ၍ ဘက်ညီသော မူဘောင်တစ်ခုဖြစ်ပေါ်စေရန် မူဝါဒချမှတ်သူများနှင့် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိကြောင်း၊ ယခုထုတ်ပြန်ချက်မှာ မေးမြန်းလာမှုများအပေါ် ဖြေကြားခြင်းဖြစ်သလို  စက်မှုနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဆောင်ရွက်နေသည့် ရှင်းလင်းသော လုပ်ငန်းစဉ်များကို ဆက်လက်ထိန်းသိမ်းနိုင်ရန်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

ရင်းမြစ်။ www.business-standard.com