ပဲတီစိမ်းတန်ချိန် ၅၄,၁၆၆ နှင့် မြေပဲတန်ချိန် ၅၀,၇၅၀ တို့ကို ဈေးနှုန်းအထောက်အပံ့အစီအစဉ် (Price Support Scheme- PSS)အောက်မှ ဝယ်ယူရန် အိန္ဒိယအစိုးရခွင့်ပြု

 

အိန္ဒိယအစိုးရက ဟာရာနာ၊ ဂူဂျာရက်နှင့် အူတာပရာဒက်ရှ် ပြည်နယ်များမှ ပဲတီစိမ်းတန်ချိန် ၅၄,၁၆၆ နှင့် အူတာပရာဒက်ရှ်ပြည်နယ်မှ မြေပဲတန်ချိန် ၅၀,၇၅၀ တို့ကို အနိမ့်ဆုံးအထောက်အပံ့စျေးနှုန်း (Minium Support Price - MSP) ဝယ်ယူမည်ဖြစ်ပါသည်။ ဈေးကွက်ပေါက်ဈေးသည် အစိုးရ အထောက်အပံ့ဈေးနှုန်းထက် နိမ့်ကျသောအခါ အဆိုပါအစီအစဉ်ကို ဆောင်ရွက်ခြင်းဖြစ်ပြီး စိုက်ပျိုးရေး ဝန်ကြီး Shivraj Singh Chouhan က လယ်သမားများ၏ အကျိုးစီးပွားကိုကာကွယ်ရန် သီးနှံများအား PSS ဖြင့် ဝယ်ယူရန်နှင့် Andhra Pradesh ပြည်နယ်၌ ဝယ်ယူရေးကာလကို ဇွန်လ ၂၆ ရက်အထိ ၁၅ ရက် သက်တမ်းတိုးရန်လည်း အတည်ပြုခဲ့ခြင်းဖြစ်ပါသည်။

အစိုးရသည် ၂၀၂၄-၂၀၂၅ ခုနှစ်ကလည်း လယ်သမားများအားမက်လုံးပေးရန်၊ ပြည်တွင်းပဲထုတ်လုပ်မှု မြှင့်တင်ရန်နှင့် သွင်းကုန်မှီခိုမှုကို လျှော့ချရန် PSS အောက်မှ ပဲစင်းငုံ၊ ကုလားပဲနှင့် ပဲနီလေး ထုတ်လုပ်မှု၏ ၁၀၀ % ကိုဝယ်ယူခဲ့ပါသည်။ PSS အောက်မှ အစိုးရဝယ်ယူရေးစီအစဉ်ကို ၂၀၂၈ -၂၀၂၉ အထိ နောက်ထပ်လေးနှစ် သက်တမ်းတိုးထားပြီး အဓိကအဖွဲ့အစည်းများဖြစ်သော အမျိုးသားလယ်ယာ ဈေးကွက်ရှာဖွေရေး သမဝါယမအသင်းချုပ် (National Agricultural Cooperative Marketing Federation of India -Nafed) နှင့် အိန္ဒိယအမျိုးသားစားသုံးသူသမဝါယမအသင်းချုပ် (India National Cooperative Consumers' Federation of India တို့က ဦးဆောင်ဝယ်ယူခြင်းဖြစ်ပါသည်။

ရင်းမြစ်။        https://economictimes.indiatimes.com