ကမ္ဘောဒီးယားက ကြိုတင်အသိပေးခြင်းမရှိပဲ ထိုင်း၊ သစ်သီးဝလံတင်ကားများကို Ban Hat Lek စစ်ဆေးရေးဂိတ်မှ ဖြတ်သန်းခွင့် ပိတ်လိုက်ခြင်းကြောင့် ထိုင်းပို့ကုန်လုပ်ငန်းရှင်များ ဆုံးရှုံး
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့မှစ၍ ကမ္ဘောဒီးယားနယ်စပ်ရှိ Koh Kong အကောက်ခွန်ရုံးက ထိုင်း Trat ပြည်နယ်၊ Khlong Yai အကောက်ခွန်ရုံးအား ထိုင်း၊ သစ်သီးဝလံများနှင့် စိုက်ပျိုးရေးထွက်ကုန်များအားလုံးကို တင်သွင်းခွင့် တားမြစ်ကြောင်းအသိပေးခဲ့သည်။
ကမ္ဘောဒီးယားမှ ယခင်ကတည်းက ထိုင်းဒူးရင်းသီးအပါအဝင် တားမြစ်ထားသော ကုန်စည်များရှိပြီး ယခုထုတ်ပြန်ချက်မတိုင်မီ ဝင်ရောက်ခဲ့သော ထိုင်းကုန်ကားများကို ကုန်ချက်ခြင်းချ၍ ပြန်ရန် ညွှန်ကြားထားကြောင်း၊ ကမ္ဘောဒီးယားဘက်မှ တရားဝင်အကြောင်းကြားခြင်းမရှိသေးသော်လည်း နှစ်ဖက်ကုန်သည်များက ကမ္ဘောဒီးယားအစိုးရ၏ ညွှန်ကြားချက်ကို သိရှိကြပြီဖြစ်ကြောင်း ထိုင်းသတင်းစာ Tha Nation တွင် ဖော်ပြထားပါသည်။
ပုံမှန်အားဖြင့် ကမ္ဘောဒီးယား၊ Ban Hat Lek စစ်ဆေးရေးဂိတ်မှ ဒူးရင်းသီးမပါ သစ်သီးကုန်တင်ကား ၃၀-၄၀ သည် နေ့စဉ်ဖြတ်သန်းပြီး ထရပ်ကားတစ်စီးလျှင် အနည်းဆုံး ဘတ် ၁၅,၀၀၀ မှ ၂၀,၀၀၀ တန်ဖိုးရှိ လယ်ယာထွက်ကုန်များ သယ်ဆောင်ကြကြောင်း၊ ယခုကဲ့သို့ ကမ္ဘောဒီးယားဘက်မှ ရုတ်တရက် သွင်းကုန်ရပ်တန့်လိုက်ခြင်းသည် ထိုင်း၊ Trat ပြည်နယ်မှ သစ်သီးဝလံတင်ပို့သူများအတွက် သိသာထင်ရှားသော အဟန့်အတားတစ်ခုဖြစ်ကြောင်း ဖော်ပြထားပါသည်။
အဆိုပါနေ့ နံနက် ၉ နာရီမတိုင်မီ Ban Hat Lek နယ်စပ်ဂိတ်မှ ကမ္ဘောဒီးယားသို့ ဝင်ရောက်ခဲ့သော သစ်သီးတင်ကား ၁၀ စီး ကျော်ရှိခဲ့ပြီး နောက်ထပ်ကုန်တင်ကားများလည်း ဝင်ရောက်ရန် တန်းစီနေခဲ့ကြကြောင်း၊ ဖေ့စ်ဘုတ်အသုံးပြုသူများမှတဆင့် အဆိုပါသတင်းထွက်ပေါ်လာခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။
ရင်းမြစ်။ www.nationthailand.com