WTO အကြောင်းမိတ်ဆက်သင်တန်း (သတင်းအပြည့်အစုံ)
၁။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက် အရ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်တွင် ထည့်သွင်းရေးဆွဲထားရှိသည့် သင်တန်း များကို ကုန်သွယ်ရေးဦးစီးဌာန ၊ ကုန်သွယ်မှုပညာပေးရေးဌာနခွဲအနေဖြင့် တာဝန်ယူအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါသည်။
၂။ အဆိုပါစီမံချက်အရ “WTO အကြောင်းမိတ်ဆက်သင်တန်း” ကို ၂၀၂၅ ခုနှစ် ၊ မေလ (၁၅) ရက် နေ့မှ (၁၆) ရက်နေ့အထိ နေ့လယ် (၁၃:၃၀) နာရီမှ (၁၅:၃၀) နာရီအချိန်ထိ ကုန်သွယ်ရေးဦးစီးဌာန၊ ဧရာဝတီခန်းမ၌ ဖွင့်လှစ်ခဲ့ပါသည်။
၃။ အဆိုပါ သင်တန်းတွင် မြန်မာနိုင်ငံမှအဖွဲ့ဝင်ဖြစ်သော ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ နိုင်ငံစုံ ကုန်သွယ်မှုစနစ် Trade Policy Database ၊ အကြောင်းအရာများ မိတ်ဆက်ဆွေးနွေးခြင်း ၊ ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့၏ အခြေခံစည်းမျဉ်းများအကြောင်း သိကောင်းစရာများကို ဝန်ထမ်းများသိရှိ နားလည်စေနိုင်ရန်အတွက် ရည်ရွယ်၍ ဆွေးနွေး ပို့ချခဲ့ခြင်းဖြစ်ပါသည်။
၄။ သင်တန်းအား သင်တန်းစည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ခဲ့ပြီး ကုန်သွယ်ရေးဦးစီးဌာန၊ အရာထမ်း ၊ အမှုထမ်း စုစုပေါင်း (၂၀) ဦးတို့တက်ရောက်ခဲ့ပြီးဖြစ်၍ WTOနှင့်အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုနှင့်ဆက်နွှယ်နေသောအဖွဲ့အစည်းများဌာနခွဲမှ သင်တန်းနည်းပြများအဖြစ် လက်ထောက် ညွှန်ကြားရေးမှူး ဦးလွင်ကိုကိုမောင် ၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ဆုလှိုင်နှင့် လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခိုင်မြတ်မြတ်ခိုင်တို့မှ ဆွေးနွေးပို့ချခဲ့ပါသည်။