စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့်ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းစီစဉ်မှုဖြင့် ဟင်းသီးဟင်းရွက်များအား သက်သာသောဈေးနှုန်းဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိ

နေပြည်တော်၊ မေ ၁၄

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်း စီစဉ်မှုဖြင့် ဟင်းသီးဟင်းရွက်များအား ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ငလျင်ဒဏ်သင့် ဝန်ထမ်းအိမ်ရာများသို့  ၂၀၂၅ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့မှစ၍ အိမ်တိုင်ရာရောက် သွားရောက်ကာ သက်သာသော ဈေးနှုန်းများဖြင့် လှည့်လည်ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့လှည့်လည်ရောင်းချရာတွင် ၂၀၂၅ ခုနှစ်၊ မေလ ၁၄ ရက်နေ့တွင် နေပြည်တော်အတွင်း ဈေးကား (၈) စီးဖြင့် (Gold Camp) အားကစားစခန်း၊ တပ်ကုန်းမြို့နယ်၊ ပညာရေးမှူးရုံး၊ ပုဗ္ဗသီရိမြို့နယ်၊ ပညာရေးမှူးရုံး၊ တပ်ကုန်းမြို့နယ်၊ စက်မှုလယ်ယာဦးစီးဌာန၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၊ ပင်စင် ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ နေပြည်တော်ကောင်စီရုံးဝန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနရှိ ဝန်ထမ်းများအား ခရမ်းချဉ်သီး ၁၅၀ ပိဿာ ၊ အာလူး ၃၃၇ ပိဿာ ၊ ဂေါ်ဖီထုပ် ၇၅ ထုပ် ၊ ပန်းဂေါ်ဖီ ၁၁၂ ပွင့် ၊ ကြက်သွန်ဖြူ ၁၉၂ ပိဿာ၊ ‌‌ရွှေဖရုံသီး/ ကျောက်ဖရုံသီး ၁၃၅ ပိဿာ၊ ခရမ်းသီး ၂၂ ပိဿာ၊ မုန်ညှင်းဖြူ ၇၅ ပိဿာ၊ မုန်လာဥနီ ၁၁၂ ပိဿာ၊ ငရုတ်ပွ ၃၇ ပိဿာ၊ ဘိုစားပဲ ၇၅ ပိဿာ၊ ဂေါ်ရခါးသီး ၁၁၂ ပိဿာ၊ သခွားသီး ၇၅ ပိဿာနှင့် လက်ဖက်ခြောက် ၇ ပိဿာတို့အား သက်သာသောဈေးနှုန်းဖြင့် လှည့်လည်ရောင်းချပေးခဲ့ကြောင်းနှင့် အပတ်စဉ်ဗုဒ္ဓဟူးနေ့ တိုင်း ဆက်လက်ရောင်းချပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။