စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြည်ထောင်စုနယ်မြေ(နေပြည်တော်) စစ်ကိုင်းနှင့် မန္တလေးမြို့များအတွင်း ဝန်ထမ်းအိမ်ရာများသို့ ဈေးကားများဖြင့် ကုန်မျိုးစုံများနှင့် ဟင်းသီးဟင်းရွက်များအား သက်သာသောဈေးနှုန်းများဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိ

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြည်ထောင်စုနယ်မြေ(နေပြည်တော်) စစ်ကိုင်းနှင့် မန္တလေးမြို့များအတွင်း ဝန်ထမ်းအိမ်ရာများသို့ ဈေးကားများဖြင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါး၊ ငါးပိ၊ ငါးခြောက်၊ အမဲသား၊ ဆိတ်သား၊ ကြက်သား၊ ဝက်သား၊ ကြက်ဥ၊ ဘဲဥစသည့် ကုန်မျိုးစုံများနှင့် ဟင်းသီးဟင်းရွက်များအား သက်သာသောဈေးနှုန်းများဖြင့် လေးဆယ့်သုံးရက်နေ့မြောက်အဖြစ် လှည့်လည်ရောင်းချပေးလျက်ရှိ

နေပြည်တော်၊ မေ ၁၃

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါး၊ ငါးပိ၊ အမဲသား၊ ဆိတ်သား၊ ကြက်သား၊ ဝက်သား၊ ကြက်ဥ၊ ဘဲဥစသည့် ကုန်မျိုးစုံများနှင့်ဟင်းသီးဟင်းရွက်များအား ပြည်ထောင်စု နယ်မြေ(နေပြည်တော်) စစ်ကိုင်းနှင့် မန္တလေးမြို့များအတွင်း ငလျင်ဒဏ်သင့် ဝန်ထမ်းအိမ်ရာများသို့ ၂၀၂၅ ခုနှစ်၊ မတ် ၃၀ ရက်နေ့မှစ၍ အိမ်တိုင်ရာရောက် သွားရောက်ကာ သက်သာသော ဈေးနှုန်းများ ဖြင့် ရောင်းချပေးလျက်ရှိပြီး ယနေ့ မေလ ၁၃ ရက်နေ့တွင် လေးဆယ့်သုံးရက်နေ့မြောက်အဖြစ် ဈေးကားများဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

      ၂၀၂၅ ခုနှစ်၊ မေလ ၁၃ ရက်နေ့တွင် ဈေးကား(၈)စီးဖြင့် ပညာရေးဝန်ထမ်းအိမ်ရာ၊ တိရစ္ဆာန် ဥယျာဉ်၊ ဆာဖာရီဥယျာဉ်၊ လယ်ဝေးမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်ရှိ ယာယီကယ်ဆယ်ရေးစခန်းများ၊ ဇေယျာသီရိခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကုတင်(၅၀၀)ဆေးရုံ၊ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊ အာကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနရှိ ဝန်ထမ်းများနှင့်ပြည်သူများအား ဆန် ၆ ပြည်ပါ (မနောသုခ- Export Quality) ၆၅ အိတ်၊ ဆန် ၅ ပြည်ပါ (ဖျာပုံပေါ်ဆန်း) ၂၅ အိတ်၊ ဆီ ၁၇၆၀ ပိဿာ၊ ဆား ၁၃.၂၅ ပိဿာ၊ ကုလားပဲ ၂၀ ကျပ်သားပါအိတ် ၈၀ ထုပ်၊ ငါးပိ ၄ ပိဿာ၊ ငါးတံခွန် ၁၀ ကျပ်သား ၃၀ ထုပ်၊ ငါးပုတ်သင် ၁၀ ကျပ်သား ၂၀ ထုပ်၊ ငါးနီတူခြောက် ၁၀ ကျပ်သား ၂၈ ထုပ်၊ အာဗြဲခြောက် ၁၀ ကျပ်သား ၂၅ ထုပ်၊ ငါးရောင်ခြောက် ၁၀ ကျပ်သား  ၂၂ ထုပ်၊ ကြက်ဥ ၇၅၀ လုံး၊ ဘဲဥ ၉၀ လုံး၊ ခေါက်ဆွဲခြောက် ၁၅ ထုပ်တို့ကို ရောင်းချပေးခဲ့ကြောင်းနှင့် နေ့စဉ်ဆက်လက်ရောင်းချပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

ထို့အတူ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တို့ ပူးပေါင်းစီစဉ်မှုဖြင့် အမဲသား(အသား)၁၂၀ ပိဿာ၊ အမဲသား(အရိုးအသား) ၁၅၀ ပိဿာ တို့ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနရှိ ဝန်ထမ်းများနှင့်ပြည်သူများသို့ ၂၀၂၅ ခုနှစ်၊ မေလ ၁၃ ရက်နေ့မှစ၍ အပတ်စဉ် အင်္ဂါ နေ့တိုင်း သက်သာသောဈေးနှုန်းများဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

ထို့အပြင် စီးပွားရေးနှင့်ကူးသန်း‌ရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တို့ပူးပေါင်း၍ MSME ထုတ်ကုန်များ၊ လူသုံးကုန်များ၊ စားသောက်ကုန်များနှင့် မီးဖိုချောင်သုံးပစ္စည်းများ စသည့် ကုန်ပစ္စည်း ၁၀၇ မျိုးတို့ကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ငလျင်ဒဏ်သင့် ဝန်ထမ်းနှင့် ပြည်သူများသို့ ဈေးကားကြီး (အရောင်းယာဉ်) ဖြင့် ၂၀၂၅ ခုနှစ်၊ မေလ ၅ ရက်နေ့မှစ၍ သက်သာသောဈေးနှုန်းများဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိပါသည်။

အလားတူ ၂၀၂၅ ခုနှစ်၊ မေလ ၁၃ ရက်နေ့တွင် စစ်ကိုင်းမြို့၌ ဈေးကားလေးစီးဖြင့် ရောင်းချ ပေးလျက်ရှိရာ ဆန် ၂၄ ပြည်ပါ(‌ရွှေဝါထွန်း) ၇ အိတ်၊ စားအုန်းဆီ ၇၅ ပိဿာ၊ ဆား ၃ ပိဿာ၊ ကုလားပဲ (၂၀) ကျပ်သားပါ ၉ ဘူး၊ ငါးပိ ၁ ပိဿာ၊ ငါးနီတူခြောက် ၁၀ ကျပ်သား ၁ ထုပ်၊ ပုစွန်ခြောက် ၃၀ ကျပ်သား ၊ ကြက်ဥ ၇၀ လုံး၊ ဘဲဥ ၁၉ လုံး၊ ကြက်သွန်နီ ၅ ပိဿာနှင့် အသားတု ၁ ပိဿာတို့ကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ပြီး မန္တလေးမြို့တွင် ဈေးကားလေးစီးဖြင့် လှည့်လည် ရောင်းချပေးလျက်ရှိရာ ဆန် ၂၄ ပြည်ပါ (မနောသုခ) ၁၆ အိတ်၊ စားအုန်းဆီ ၂၂၀၀  ပိဿာ၊ ဆား ၂ ပိဿာ၊ ကုလားပဲ ၂၀ ကျပ်သားပါ ၅ ထုပ်၊ ငါးပိ ၂၅ ကျပ်သားပါ ၂ ထုပ်၊ ငါးနီတူခြောက် ၁၀ ကျပ်သား ၄ ထုပ်၊ အာဗြဲခြောက် ၁၀ ကျပ်သား ၂ ထုပ်၊ ကြက်ဥ ၂၂၀၀ လုံး၊ ဘဲဥ ၅၇၅ လုံးနှင့် ခေါက်ဆွဲခြောက် ၄၀ ထုပ်တို့ကို ရောင်းချပေးခဲ့ပြီး နေ့စဉ်ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။