ယှဉ်ပြိုင်မှုဆိုင်ရာ စုံစမ်းစစ်ဆေးခြင်း လုပ်ငန်းစဉ်အကြောင်း သင်တန်း (သတင်းအပြည့်အစုံ)
ယှဉ်ပြိုင်မှုဆိုင်ရာ စုံစမ်းစစ်ဆေးခြင်း လုပ်ငန်းစဉ်အကြောင်း သင်တန်း
(သတင်းအပြည့်အစုံ)
၁။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက် အရ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်တွင် ထည့်သွင်းရေးဆွဲထားရှိသည့် သင်တန်း များကို ကုန်သွယ်ရေးဦးစီးဌာန ၊ ကုန်သွယ်မှုပညာပေးရေးဌာနခွဲအနေဖြင့် တာဝန်ယူအကောင် အထည်ဖော်ဆောင်ရွက် လျက်ရှိပါသည်။
၂။ အဆိုပါစီမံချက်အရ “ယှဉ်ပြိုင်မှုဆိုင်ရာစုံစမ်းစစ်ဆေးခြင်း လုပ်ငန်းစဉ်များအကြောင်း သင်တန်း” ကို ၂၀၂၅ ခုနှစ်၊ မေလ (၈) ရက်နေ့မှ (၉) ရက်နေ့အထိ နေ့လယ် (၁၃:၃၀) နာရီမှ (၁၅:၃၀) နာရီ အချိန်ထိ ဒေသတွင်းစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဌာနခွဲအနီးရှိ သင်တန်းခန်းမ၌ ဖွင့်လှစ်ခဲ့ပါသည်။
၃။ အဆိုပါ သင်တန်းတွင် ယှဉ်ပြိုင်မှုဥပဒေ စတင်ဖြစ်ပေါ်လာပုံ၊ ရည်ရွယ်ချက်၊ ယှဉ်ပြိုင်မှု အဓိပ္ပာယ်၊ ယှဉ်ပြိုင်မှုကော်မရှင်၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ စုံစမ်းစစ်ဆေးခြင်းနှင့်အရေးယူ ဆောင်ရွက်ခြင်း ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးပို့ချခဲ့ပြီး ဝန်ကြီးဌာနမှကျင့်သုံးနေသည့် ဥပဒေ အကြောင်းကို ဝန်ထမ်းများ သိရှိနားလည်နိုင်စေရန် ရည်ရွယ်၍ ဆွေးနွေးပို့ချခဲ့ခြင်းဖြစ်ပါသည်။
၄။ သင်တန်းအား သင်တန်းစည်းကမ်းချက်များနှင့်အညီဖွင့်လှစ်ခဲ့ပြီး ကုန်သွယ်ရေးဦးစီးဌာန အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၂၀) ဦးတို့ တက်ရောက်ခဲ့၍ ယှဉ်ပြိုင်မှုကော်မရှင်အဖွဲ့ဝင် ဒေါ်အေးအေးသိန်းက ဆွေးနွေးပို့ချပေးခဲ့ပါသည်။