လျှပ်စစ်သုံးမော်တော်ယာဉ်များ ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိ
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင် ကော်မတီ၏ခွင့်ပြုချက်ဖြင့် Myanmar SWM Motor Co.,Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် KAIYI E-QUTE 04 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ Myanmar Construction & Development Infrastructure Co.,Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် FAW VOLKSWAGEN ID-6 CROZZ အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ FAW VOLKSWAGEN ID-7 VIZZION အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များနှင့် FAW VOLKSWAGEN ID-4 CROZZ အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များသည် ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိလာပါသဖြင့် ၅-၅-၂၀၂၅ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပါကြောင်း သတင်းရရှိပါသည်။