ရုရှားနှင့် ယူကရိန်း ပဲပုပ်စိုက်ပျိုးမှုကဏ္ဍများ တိုးချဲ့လာ
ရုရှားနှင့် ယူကရိန်းကြားစစ်ပွဲသည် တတိယနှစ်သို့ ရောက်ရှိလာသော်လည်း လွတ်လပ်သောနိုင်ငံများ၏ ဓနသဟာယအဖွဲ့(CIS) နိုင်ငံများသည် လွန်ခဲ့သည့် ၁၀ နှစ်ကထက် ပဲပုပ်အထွက်နှုန်း နှစ်ဆတိုးလာကာ ၎င်းနိုင်ငံများသည် ပဲပုပ်ထုတ်လုပ်မှုကို ဆက်လက်မြှင့်တင်နေကြောင်း နိုင်ငံတကာသီးနှံကောင်စီ (IGC) ၏ အစီရင်ခံစာအရ သိရသည်။
အထွက်နှုန်းတိုးလာရသည့်အကြောင်းရင်းများမှာ အခြားသောအစားထိုးသီးနှံများနှင့် နှိုင်းယှဉ်ပါက အလှည့်ကျလိုအပ်ချက်များနှင့် အချိန်ကာလတစ်ခုအတွင်း ရင်းနှီးမြှုပ်နှံမှုမှ ပြန်ရချက်ကဲ့သို့ အခြားအချက်များစွာဖြင့် ဒေသထွက်ပစ္စည်းဝယ်လိုအား တိုးလာခြင်းကြောင့် ဖြစ်ပါ သည်။
ကမ္ဘာ့ပဲပိစပ်ဈေးကွက်တွင် ပါဝင်သူနည်းပါးသေးသော်လည်း ရုရှားနှင့် ယူကရိန်းတို့သည် ၂၀၂၄-၂၀၂၅ စျေးကွက်ဝင်နှစ်တွင် ဆီထွက်သီးနှံပေါင်း တန်ချိန် ၁၃.၁ သန်းကို ရိတ်သိမ်းနိုင်ဖွယ်ရှိပြီး ယခင်နှစ်ကထက် ၁၀ % တိုးလာမည်ဟု ကောင်စီက ပြောကြားခဲ့သည်။အထွက်နှုန်း တိုးတက်မှုမှာနည်းပါးနေပြီး ကမ္ဘာလုံးဆိုင်ရာပျမ်းမျှနှုန်းအောက်တွင် ကောင်းမွန်နေသေးသဖြင့် တိုးပွားလာမှုအများစုမှာ စိုက်ဧကများလာခြင်းကြောင့်ဖြစ်ကြောင်း IGC မှ ပြောကြားခဲ့သည်။
ရုရှားနိုင်ငံတွင် အစားအစာကဏ္ဍများမှ ဒေသထွက်ပဲပိစပ်ထွက်ကုန်များ ၀ယ်လိုအား မြင့်တက်လာခြင်းသည် နိုင်ငံ၏အရှေ့ပိုင်းနှင့် အလယ်ပိုင်းဒေသများ၏ သီးနှံစိုက်ပျိုးမှုများကို အဓိကအားဖြင့် လွှမ်းမိုးကြောင်း ကောင်စီက ပြောကြားခဲ့သည်။ IGC သည် ရုရှားနိုင်ငံ၏ ပဲပုပ် ထုတ်လုပ်မှုကို ၂၀၂၄-၂၀၂၅ ခုနှစ်တွင် တန်ချိန် ၇ သန်း၊ ယခင်နှစ်ထက် ၆.၇ သန်း တိုးမြှင့်ခဲ့သည်။
ရုရှားနိုင်ငံသည် ဒေသတွင်းတွင် အကြီးဆုံးထုတ်လုပ်သူဖြစ်သော်လည်း ပဲပုပ်တင်သွင်းမှုသည် မကြာသေးမီနှစ်များအတွင်း စားသုံးမှုတန်ချိန် ၁.၅ သန်းကျော်ရှိပြီး နိုင်ငံ၏ရောင်းလိုအားနှင့် ဝယ်လိုအားလက်ကျန်ရှင်းတမ်းတွင် အရေးကြီးသောအစိတ်အပိုင်းအဖြစ် ဆက်လက်တည်ရှိနေခဲ့သည်။
ပုံမှန်အားဖြင့် ဝယ်ယူသူများသည် ဘရာဇီးနှင့် အာဂျင်တီးနားမှဖြစ်သော်လည်း ဥပမာအားဖြင့်၊ အချို့ရာသီများတွင် ပါရာဂွေးမှ ဝယ်ယူမှုများလည်းရှိသည်ဟု IGC မှ မှတ်ချက်ပြုသည်။ သို့သော်လည်း၊ ကမ္ဘာ့ဈေးကွက်များသို့ တိုးမြှင့်တင်ပို့မှုသည် ၂၀၂၄ - ၂၀၂၅ ခုနှစ်တွင် အသားတင်တင်သွင်းမှု ခန့်မှန်းတန်ချိန် ၄သိန်းသို့ နည်းပါးသွားစေသည်။
ရုရှားနိုင်ငံသို့ တင်ပို့မှုသည် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် အမြင့်ဆုံးတန်ချိန် ၁.၃ သန်းသို့ ရောက်ရှိခဲ့ပြီး လွန်ခဲ့သည့် ငါးနှစ်အတွင်း ပျမ်းမျှတန်ချိန် ၁ သန်းအထိ သိသိသာသာတိုးလာခဲ့ကြောင်း IGC မှ ပြောကြားခဲ့သည်။ ရုရှားနိုင်ငံမှ ပဲပုပ်တင်ပို့မှုအားလုံးနီးပါးသည် တရုတ်နိုင်ငံသို့ တင်ပို့သည်။
ယူကရိန်းသည် လွန်ခဲ့သည့်သုံးနှစ်က ရုရှား၏ ကျူးကျော်ခြင်းကို ခံခဲ့ရသော်လည်း CIS တွင် အကြီးမားဆုံးပဲပုပ်တင်ပို့သူဖြစ်ပြီး လွန်ခဲ့သည့်ငါးနှစ်အတွင်း ဒေသတွင်းထွက်ကုန်တင်ပို့မှု၏ ၇၀ % နီးပါးရှိသည်။ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် စစ်ဘေးဒဏ်သင့်ခဲ့သော ယူကရိန်းနိုင်ငံသည် ပဲပုပ် တန်ချိန် ၃.၇ သန်း စံချိန်တင် တင်ပို့နိုင်မည်ဟု IGC မှ ခန့်မှန်းထားသည်။
CIS နိုင်ငံများတွင် ပဲပုပ်ထွက်ရှိမှု၌ ရုရှား နောက်တွင် ယူကရိန်းသည် ရပ်တည်နေပြီး ၂၀၂၄-၂၀၂၅ ခုနှစ်တွင် သီးနှံတန်ချိန် ၆.၁ သန်း ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းထားပြီး ယခင်နှစ်ထက် ၁၈ % တိုးလာမည်ဟု IGC က ခန့်မှန်းထားသည်။
ရာသီဥတုဖောက်ပြန်မှုကြောင့် ရုရှားနိုင်ငံ၊ အထူးသဖြင့် အရှေ့ပိုင်းဒေသများနှင့် ယူကရိန်းနိုင်ငံ၏ အချို့ဒေသများတွင် လာမည့်နှစ်များအတွင်း ရာသီဥတုပြောင်းလဲမှုသည် ပဲပုပ်ထုတ်လုပ်မှုအပေါ် သက်ရောက်မှုရှိလာနိုင်ကြောင်း ရာသီဥတုပညာရှင်များက မှတ်ချက်ပြုထားသည်။
ရင်းမြစ်။ https://www.world-grain.com/articles/20937-russia-ukraine-soybean-sectors-expanding