မြန်မာနိုင်ငံ၏ပဲမျိုးစုံတင်ပို့မှုအခြေအနေ
မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှုသည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%) စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂%) သည် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြ ပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၁၅၅၂၂.၆၇၆)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၈၆.၇၀၈)သန်း၊ နယ်စပ်မှ (၁၆၁၂၉.၆၉၅)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၄.၇၅၀)သန်း၊ စုစုပေါင်း (၁၃၁၆၅၂.၃၇၁) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၀၁.၄၅၈)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ် (၁-၄-၂၀၂၄ မှ ၂၄-၅-၂၀၂၄ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၄၀၂၂၁၅.၉၃၆)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၃၄၅.၁၂၁)သန်း၊ နယ်စပ်မှ (၁၃၆၀၃.၉၄၃)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၁.၈၉၃)သန်း၊ စုစုပေါင်း (၄၁၅၈၁၉.၈၇၉) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၃၅၇.၀၁၄)သန်း တင်ပို့ နိုင်ခဲ့ပါသည်။
၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ် (၁-၄-၂၀၂၄ မှ ၂၄-၅-၂၀၂၄ ရက်နေ့ထိ)ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
| တန်ဖိုး- အမေရိကန်ဒေါ်လာသန်း | |||||
| စဉ် | အကြောင်းအရာ | 
 | ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်  | ||
| ပင်လယ် | နယ်စပ် | ပေါင်း | |||
| ၁ | မတ်ပဲ | US$ | ၁၅၅.၈၈၉ | ၀.၀၆၂ | ၁၅၅.၉၅၁ | 
| မတန် | ၁၆၁၀၅၀.၀၈၈ | ၆၆.၀၀၀ | ၁၆၁၁၁၆.၀၈၈ | ||
| ၂ | ပဲတီစိမ်း | US$ | ၇၈.၅၇၀ | ၀.၂၀၃ | ၇၈.၇၇၃ | 
| မတန် | ၁၂၀၂၄၉.၃၆၀ | ၃၀၀.၂၇၃ | ၁၂၀၅၄၉.၆၃၃ | ||
| ၃ | ပဲစဉ်းငုံ | US$ | ၆၄.၄၃၁ | 
 | ၆၄.၄၃၁ | 
| မတန် | ၅၇၂၇၃.၀၀၀ | 
 | ၅၇၂၇၃.၀၀၀ | ||
| ၄ | ကုလားပဲ | US$ | ၁.၀၀၃ | 
 | ၁.၀၀၃ | 
| မတန် | ၁၁၃၁.၅၆၁ | 
 | ၁၁၃၁.၅၆၁ | ||
| ၅ | ပဲလွန်းဖြူ | US$ | ၈.၆၂၈ | 
 | ၈.၆၂၈ | 
| မတန် | ၁၃၂၃၁.၅၄၃ | 
 | ၁၃၂၃၁.၅၄၃ | ||
| ၆ | မြေထောက်ပဲ | US$ | ၅.၆၅၁ | ၁.၅၃၁ | ၇.၁၈၂ | 
| မတန် | ၅၄၂၇.၈၉၉ | ၁၃၃၀.၀၀၀ | ၆၇၅၇.၈၉၉ | ||
| ၇ | ထောပတ်ပဲ | US$ | ၉.၄၉၅ | ၅.၂၁၉ | ၁၄.၇၁၄ | 
| မတန် | ၈၅၅၈.၈၄၀ | ၄၈၄၆.၅၀၀ | ၁၃၄၀၅.၃၄၀ | ||
| ၈ | ပဲယင်း | US$ | ၁၃.၆၁၇ | ၁.၅၆၁ | ၁၅.၁၇၈ | 
| မတန် | ၂၄၆၁၈.၅၅၁ | ၂၈၃၃.၉၉၀ | ၂၇၄၅၂.၅၄၁ | ||
| ၉ | ပဲကြီး | US$ | ၂.၄၅၃ | ၁.၃၆၅ | ၃.၈၁၈ | 
| မတန် | ၂၆၆၇.၂၃၂ | ၁၅၁၉.၀၀၀ | ၄၁၈၆.၂၃၂ | ||
| ၁၀ | ပဲကတ္တီပါ(စွန်တာနီ) | US$ | ၀.၉၀၃ | 
 | ၀.၉၀၃ | 
| မတန် | ၁၅၁၉.၁၂၃ | 
 | ၁၅၁၉.၁၂၃ | ||
| ၁၁ | စွန်တာပြာ | US$ | ၀.၁၉၃ | 
 | ၀.၁၉၃ | 
| မတန် | ၃၀၉.၀၀၀ | 
 | ၃၀၉.၀၀၀ | ||
| ၁၂ | ပဲကတ္တီပါ(စွန်တာနီ/ပြာ) | US$ | 
 | ၀.၀၃၉ | ၀.၀၃၉ | 
| မတန် | 
 | ၆၄.၀၀၀ | ၆၄.၀၀၀ | ||
| ၁၃ | ပဲဖြူလေး | US$ | 
 | 
 | 
 | 
| မတန် | 
 | 
 | 
 | ||
| ၁၄ | ဘိုကိတ်ပဲ | US$ | ၃.၈၄၆ | 
 | ၃.၈၄၆ | 
| မတန် | ၅၆၉၉.၀၀၀ | 
 | ၅၆၉၉.၀၀၀ | ||
| ၁၅ | ပဲပုတ်စေ့ | US$ | 
 | 
 | 
 | 
| မတန် | 
 | 
 | 
 | ||
| ၁၆ | ပဲနီကြား | US$ | 
 | ၀.၈၇၅ | ၀.၈၇၅ | 
| မတန် | 
 | ၁၄၅၈.၀၀၀ | ၁၄၅၈.၀၀၀ | ||
| ၁၇ | နိုင်လွန်ပဲ | US$ | ၀.၁၆၁ | ၀.၄၂၈ | ၀.၅၈၉ | 
| မတန် | ၂၅၀.၀၀၀ | ၆၅၇.၀၀၀ | ၉၀၇.၀၀၀ | ||
| ၁၈ | မြေပဲဆံ | US$ | ၀.၂၄၀ | ၀.၅၁၉ | ၀.၇၅၉ | 
| မတန် | ၁၈၀.၉၅၀ | ၃၉၁.၁၈၀ | ၅၇၂.၁၃၀ | ||
| ၁၉ | အခြားပဲ | US$ | ၀.၀၄၁ | ၀.၀၉၁ | ၀.၁၃၂ | 
| မတန် | ၄၉.၇၈၉ | ၁၃၈.၀၀၀ | ၁၈၇.၇၈၉ | ||
| 
 | ပဲတင်ပို့မှုစုစုပေါင်း | US$ | ၃၄၅.၁၂၁ | ၁၁.၈၉၃ | ၃၅၇.၀၁၄ | 
| မတန် | ၄၀၂၂၁၅.၉၃၆ | ၁၃၆၀၃.၉၄၃ | ၄၁၅၈၁၉.၈၇၉ | ||
