မြန်မာနိုင်ငံ၏ပဲမျိုးစုံတင်ပို့မှုအခြေအနေ
မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှုသည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%) စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါ သည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၆၄၀၇၇၇) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၂၆၁.၈၇၄) သန်း၊ နယ်စပ်မှ (၂၇၈၃၇၉) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၂၀၈.၇၈၉)သန်း၊ စုစုပေါင်း (၁၉၁၉၁၅၆) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၄၇၀.၆၆၃) သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ် (၁-၄-၂၀၂၃ မှ ၂၅-၈-၂၀၂၃ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၅၆၃၂၃၀.၈၈၂)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၄၄၉.၄၀၂)သန်း၊ နယ်စပ်မှ (၁၀၉၉၈၀.၈၆၀) တန်၊တန်ဖိုး အမေရိကန်ဒေါ်လာ (၉၄.၉၇၃) သန်း၊ စုစုပေါင်း (၆၇၃၂၁၁.၇၄၂) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ(၅၄၄.၃၇၅)သန်း တင်ပို့ နိုင်ခဲ့ပါသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (၁-၄-၂၀၂၃ မှ ၂၅-၈-၂၀၂၃ ရက်နေ့ထိ)ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
| အမေရိကန်ဒေါ်လာသန်း | ||||||
| ကီလို-ထောင်ပေါင်း | ||||||
| စဉ် | အကြောင်းအရာ |
ရေတွက် ပုံ |
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (၂၅-၈-၂၀၂၃) ထိ |
|||
| ပင်လယ် ရေကြောင်း |
နယ်စပ် | ပေါင်း | ||||
| ၁ | မတ်ပဲ | US$ | ၂၁၄.၃၉၈ | ၁.၂၁၀ | ၂၁၅.၆၀၈ | |
| ကီလို | ၂၅၀၁၀၉.၄၇၄ | ၁၁၆၀.၁၂၅ | ၂၅၁၂၆၉.၅၉၉ | |||
| ၂ | ပဲတီစိမ်း | US$ | ၁၁၁.၇၂၉ | ၃၄.၃၄၅ | ၁၄၆.၀၇၄ | |
| ကီလို | ၁၆၆၂၇၁.၄၂၉ | ၅၀၈၃၄.၂၁၄ | ၂၁၇၁၀၅.၆၄၃ | |||
| ၃ | ပဲစဉ်းငုံ | US$ | ၇၈.၀၁၅ | ၀.၀၀၀ | ၇၈.၀၁၅ | |
| ကီလို | ၉၀၀၇၇.၀၄၂ | ၀.၀၀၀ | ၉၀၀၇၇.၀၄၂ | |||
| ၄ | ကုလားပဲ | US$ | ၀.၅၄၁ | ၀.၀၀၀ | ၀.၅၄၁ | |
| ကီလို | ၅၈၄.၈၂၅ | ၀.၀၀၀ | ၅၈၄.၈၂၅ | |||
| ၅ | ပဲလွန်းဖြူ | US$ | ၁၁.၃၁၉ | ၁.၅၉၄ | ၁၂.၉၁၃ | |
| ကီလို | ၁၇၉၂၁.၃၆၇ | ၂၆၂၅.၁၁၉ | ၂၀၅၄၆.၄၈၆ | |||
| ၆ | မြေထောက်ပဲ | US$ | ၈.၀၁၁ | ၁၄.၂၁၃ | ၂၂.၂၂၄ | |
| ကီလို | ၈၁၀၀.၀၇၀ | ၉၈၉၉.၀၀၇ | ၁၇၉၉၉.၀၇၇ | |||
| ၇ | ထောပတ်ပဲ | US$ | ၁၁.၈၀၇ | ၆.၂၀၃ | ၁၈.၀၁၀ | |
| ကီလို | ၁၁၉၉၈.၂၅၄ | ၅၇၇၄.၂၉၇ | ၁၇၇၇၂.၅၅၁ | |||
| ၈ | ပဲယင်း | US$ | ၈.၉၇၉ | ၁၈.၂၂၂ | ၂၇.၂၀၁ | |
| ကီလို | ၁၂၄၁၄.၈၉၄ | ၂၂၁၉၀.၆၈၈ | ၃၄၆၀၅.၅၈၂ | |||
| ၉ | ပဲကြီး | US$ | ၂.၀၄၁ | ၀.၈၅၈ | ၂.၈၉၉ | |
| ကီလို | ၁၉၈၄.၄၂၂ | ၈၅၆.၅၀၀ | ၂၈၄၀.၉၂၂ | |||
| ၁၀ | ပဲကတ္တီပါ(စွန်တာနီ) | US$ | ၀.၉၀၂ | ၀.၉၀၂ | ||
| ကီလို | ၁၄၂၁.၀၂၀ | ၁၄၂၁.၀၂၀ | ||||
| ၁၁ | စွန်တာပြာ | US$ | ၀.၃၈၁ | ၀.၁၇၅ | ၀.၅၅၆ | |
| ကီလို | ၅၉၁.၀၀၀ | ၂၈၉.၀၀၀ | ၈၈၀.၀၀၀ | |||
| ၁၂ | ပဲကတ္တီပါ(စွန်တာနီ/ပြာ) | US$ | ၁.၇၈၂ | ၁.၇၈၂ | ||
| ကီလို | ၂၉၇၀.၅၀၀ | ၂၉၇၀.၅၀၀ | ||||
| ၁၃ | ပဲဖြူလေး | US$ | ၀.၀၀၀ | ၀.၀၀၀ | ၀.၀၀၀ | |
| ကီလို | ၀.၀၀၀ | ၀.၀၀၀ | ၀.၀၀၀ | |||
| ၁၄ | ဘိုကိတ်ပဲ | US$ | ၁.၀၃၄ | ၀.၀၀၀ | ၁.၀၃၄ | |
| ကီလို | ၁၅၉၁.၇၅၅ | ၀.၀၀၀ | ၁၅၉၁.၇၅၅ | |||
| ၁၅ | ပဲပုတ်စေ့ | US$ | ၀.၀၀၄ | ၀.၀၀၀ | ၀.၀၀၄ | |
| ကီလို | ၄.၇၄၀ | ၀.၀၀၀ | ၄.၇၄၀ | |||
| ၁၆ | ပဲနီကြား | US$ | ၁.၀၄၆ | ၁.၀၄၆ | ||
| ကီလို | ၂၀၇၆.၉၈၀ | ၂၀၇၆.၉၈၀ | ||||
| ၁၇ | နိုင်လွန်ပဲ | US$ | ၀.၉၅၀ | ၀.၉၅၀ | ||
| ကီလို | ၁၃၄၁.၅၀၀ | ၁၃၄၁.၅၀၀ | ||||
| ၁၈ | မြေပဲဆံ | US$ | ၀.၂၃၀ | ၁၃.၇၃၃ | ၁၃.၉၆၃ | |
| ကီလို | ၁၅၅.၀၀၀ | ၈၈၈၂.၈၃၀ | ၉၀၃၇.၈၃၀ | |||
| ၁၉ | အခြားပဲ | US$ | ၀.၀၁၁ | ၀.၆၄၂ | ၀.၆၅၃ | |
| ကီလို | ၅.၅၉၀ | ၁၀၈၀.၁၀၀ | ၁၀၈၅.၆၉၀ | |||
| ပဲတင်ပို့မှုစုစုပေါင်း | US$ | ၄၄၉.၄၀၂ | ၉၄.၉၇၃ | ၅၄၄.၃၇၅ | ||
| ကီလို | ၅၆၃၂၃၀.၈၈၂ | ၁၀၉၉၈၀.၈၆၀ | ၆၇၃၂၁၁.၇၄၂ | |||
| Source: Customs | ||||||
