မြန်မာနိုင်ငံ၏ပဲမျိုးစုံတင်ပို့မှုအခြေအနေ
မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ
မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှုသည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာ ထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%) စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုး နေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာ နှစ်စာရင်းများအရ ပင်လယ် ရေကြောင်းမှ (၁၂၄၂၇၇၅.၂၃၁) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၉၆၆.၄၀၇) သန်း၊ နယ်စပ်မှ (၇၈၆၉၂၀.၆၅၁) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၆၀၄.၃၀၀)သန်း၊ စုစုပေါင်း (၂၀၂၉၆၉၅.၈၈၂) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၅၇၀.၇၀၇)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ် (၁-၄-၂၀၂၃ မှ ၉-၆-၂၀၂၃ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၃၁၁၉၃၇.၄၅၅)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၂၃၇.၄၅၀) သန်း၊ နယ်စပ်မှ (၃၃၀၅၄.၆၉၂) တန်၊ တန်ဖိုး အမေရိကန် ဒေါ်လာ (၃၀.၉၉၂) သန်း၊ စုစုပေါင်း (၃၄၄၉၉၂.၁၄၇) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၂၆၈.၄၄၂) သန်း တင်ပို့ နိုင်ခဲ့ပါသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (၁-၄-၂၀၂၃ မှ ၉-၆-၂၀၂၃ ရက်နေ့ထိ)ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
| အမေရိကန်ဒေါ်လာသန်း | ||||||
| ကီလို-ထောင်ပေါင်း | ||||||
| စဉ် | အကြောင်းအရာ |
ရေတွက် ပုံ |
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (၉-၆-၂၀၂၃) ထိ |
|||
| ပင်လယ် ရေကြောင်း |
နယ်စပ် | ပေါင်း | ||||
| ၁ | မတ်ပဲ | US$ | ၉၃.၈၀၅ | ၀.၉၅၃ | ၉၄.၇၅၈ | |
| ကီလို | ၁၁၃၆၃၁.၀၃၅ | ၈၈၉.၀၀၀ | ၁၁၄၅၂၀.၀၃၅ | |||
| ၂ | ပဲတီစိမ်း | US$ | ၇၄.၄၄၁ | ၉.၆၆၂ | ၈၄.၁၀၃ | |
| ကီလို | ၁၁၃၀၂၇.၄၆၁ | ၁၅၅၈၇.၅၀၇ | ၁၂၈၆၁၄.၉၆၈ | |||
| ၃ | ပဲတီစိမ်းလုံးခြမ်း | US$ | ||||
| ကီလို | ||||||
| ၄ | ပဲစဉ်းငုံ | US$ | ၃၄.၉၉၆ | ၀.၀၀၀ | ၃၄.၉၉၆ | |
| ကီလို | ၄၂၂၂၉.၀၃၀ | ၀.၀၀၀ | ၄၂၂၂၉.၀၃၀ | |||
| ၅ | ကုလားပဲ | US$ | ၀.၃၃၅ | ၀.၀၀၀ | ၀.၃၃၅ | |
| ကီလို | ၃၇၇.၃၁၅ | ၀.၀၀၀ | ၃၇၇.၃၁၅ | |||
| ၆ | ပဲလွန်းဖြူ | US$ | ၇.၁၂၀ | ၀.၃၀၉ | ၇.၄၂၉ | |
| ကီလို | ၁၁၅၃၃.၂၉၁ | ၅၁၄.၅၀၀ | ၁၂၀၄၇.၇၉၁ | |||
| ၇ | မြေထောက်ပဲ | US$ | ၅.၉၁၁ | ၂.၂၁၇ | ၈.၁၂၈ | |
| ကီလို | ၆၁၇၉.၀၆၉ | ၁၆၉၅.၃၅၇ | ၇၈၇၄.၄၂၆ | |||
| ၈ | ထောပတ်ပဲ | US$ | ၉.၈၉၆ | ၂.၂၅၇ | ၁၂.၁၅၃ | |
| ကီလို | ၁၀၁၈၂.၂၉၈ | ၂၁၄၅.၁၅၆ | ၁၂၃၂၇.၄၅၄ | |||
| ၉ | ပဲယင်း | US$ | ၇.၅၁၀ | ၂.၀၉၂ | ၉.၆၀၂ | |
| ကီလို | ၁၀၃၇၅.၈၄၀ | ၂၅၂၀.၅၀၀ | ၁၂၈၉၆.၃၄၀ | |||
| ၁၀ | ပဲကြီး | US$ | ၁.၃၆၇ | ၀.၂၉၆ | ၁.၆၆၃ | |
| ကီလို | ၁၃၅၀.၈၀၆ | ၂၉၅.၅၀၀ | ၁၆၄၆.၃၀၆ | |||
| ၁၁ | ပဲကတ္တီပါ(စွန်တာနီ) | US$ | ၀.၇၈၇ | ၀.၇၈၇ | ||
| ကီလို | ၁၂၅၈.၀၂၀ | ၁၂၅၈.၀၂၀ | ||||
| ၁၂ | စွန်တာပြာ | US$ | ၀.၂၅၄ | ၀.၂၁၅ | ၀.၄၆၉ | |
| ကီလို | ၃၉၆.၀၀၀ | ၃၅၉.၅၀၀ | ၇၅၅.၅၀၀ | |||
| ၁၃ | ပဲကတ္တီပါ(စွန်တာနီ/ပြာ) | US$ | ၀.၀၀၀ | ၀.၀၀၀ | ||
| ကီလို | ၀.၀၀၀ | ၀.၀၀၀ | ||||
| ၁၄ | ပဲဖြူလေး | US$ | ၀.၀၀၀ | ၀.၀၀၀ | ၀.၀၀၀ | |
| ကီလို | ၀.၀၀၀ | ၀.၀၀၀ | ၀.၀၀၀ | |||
| ၁၅ | ဘိုကိတ်ပဲ | US$ | ၀.၇၉၁ | ၀.၀၀၀ | ၀.၇၉၁ | |
| ကီလို | ၁၂၃၄.၅၅၀ | ၀.၀၀၀ | ၁၂၃၄.၅၅၀ | |||
| ၁၆ | ပဲပုတ်စေ့ | US$ | ၀.၀၀၄ | ၀.၀၀၀ | ၀.၀၀၄ | |
| ကီလို | ၄.၇၄၀ | ၀.၀၀၀ | ၄.၇၄၀ | |||
| ၁၇ | ပဲနီကြား | US$ | ၀.၂၈၇ | ၀.၂၈၇ | ||
| ကီလို | ၅၄၇.၀၀၀ | ၅၄၇.၀၀၀ | ||||
| ၁၈ | နိုင်လွန်ပဲ | US$ | ၀.၃၀၃ | ၀.၃၀၃ | ||
| ကီလို | ၃၉၀.၀၀၀ | ၃၉၀.၀၀၀ | ||||
| ၁၉ | မြေပဲ(အခွံပါ) | US$ | ||||
| ကီလို | ||||||
| ၂၀ | မြေပဲဆံ | US$ | ၀.၂၃၀ | ၁၂.၃၂၀ | ၁၂.၅၅၀ | |
| ကီလို | ၁၅၅.၀၀၀ | ၇၉၇၆.၂၇၂ | ၈၁၃၁.၂၇၂ | |||
| ၂၁ | အခြားပဲ | US$ | ၀.၀၀၃ | ၀.၀၈၁ | ၀.၀၈၄ | |
| ကီလို | ၃.၀၀၀ | ၁၃၄.၄၀၀ | ၁၃၇.၄၀၀ | |||
| ပဲတင်ပို့မှုစုစုပေါင်း | US$ | ၂၃၇.၄၅၀ | ၃၀.၉၉၂ | ၂၆၈.၄၄၂ | ||
| ကီလို | ၃၁၁၉၃၇.၄၅၅ | ၃၃၀၅၄.၆၉၂ | ၃၄၄၉၉၂.၁၄၇ | |||
