၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့ ၁၁း၀၀ နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးသည် World Intellectual Property Organization-WIPO မှ Expert ဖြစ်သူ Mr. Ronald Marchant ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံ
ပြည်ထောင်စုဝန်ကြီးရုံးသတင်းများ
၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့ ၁၀း၀၀ နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးရန်နိုင်ထွန်းသည် MMRD Research Services မှ Project Director ဖြစ်သူ ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံ
၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်နေ့ ၁၂း၀၀ နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ တဲဟုန်းပြည်နယ်ခွဲ၊ ပြည်သူ့အစိုးရ၊ ဒုတိယအုပ်ချုပ်ရေးမှူး Ms. Wang Yu ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံ
၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်နေ့ ၀၉း၃၀ နာရီအချိန်တွင် နေပြည်တော်ရှိ Kempinski ဟိုတယ်တွင် ကျင်းပပြုလုပ်သော မြန်မာနိုင်ငံ၏ အီလက်ထရောနစ်အသုံးပြု ကုန်သွယ်ရေးဆောင်ရွက်နိုင်ရန် အဆင်သင့်ဖြစ်မှုအပေါ် ဆန်းစစ်ချက်အစီရင်ခံစာအား နိုင်ငံတွင်း မိတ်ဆက်ဖြန့်ချိသည့် အခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထူး တက်ရောက်အမှာစကားပြောကြား
၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့ ၁၃း၀၀ နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော Job Creation Sector Coordination Group (JCSCG) ၏ ၃/၂၀၁၈ အစည်းအဝေးသို့ ဒုတိယဝန်ကြီး ဦးအောင်ထူး တက်ရောက်အမှာစကားပြောကြား
၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့ ၁၃း၀၀ နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန၊ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ရေထွက်ပစ္စည်းထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်းတို့နှင့် ကျင်းပပြုလုပ်သော မြန်မာနိုင်ငံမှ မွေးမြူရေးငါး၊ ပုစွန်များ ဆော်ဒီအာရေဗျနိုင်ငံသို့ ပြန်လည်တင်ပို့ခွင့်ရရှိရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်တက်ရောက်
၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့ ၁၄း၃၀ နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၏ ဥက္ကဌဖြစ်သူ ဦးဇော်မင်းဝင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံ
၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့ ၁၃း၀၀ နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် KNU/ KNLA PEACE Council (ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် ငြိမ်းချမ်းရေးကောင်စီ) မှ ဗိုလ်ချုပ် စောရင်နု ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံ
၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်နေ့ ၁၄း၀၀ နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ညီလာခံခန်းမ၌ ၂၀၁၈ ခုနှစ် (ဧပြီလမှ စက်တင်ဘာလအထိ) ကုန်သွယ်မှုဆိုင်ရာ ကိစ္စရပ်များ ရှင်းလင်းပွဲ ကျင်းပ
၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်နေ့ ၁၀း၀၀ နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သော အရက်၊ ဘီယာ တင်သွင်းခြင်း၊ ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းများနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက် အမှာစကားပြောကြား
