နေပြည်တော်၊ စက်တင်ဘာ ၁၆
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့၌ ရောက်ရှိနေ သော စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယနေ့နေ့လယ်ပိုင်းက Crowne Plaza ဟိုတယ်တွင် ကျင်းပပြုလုပ်သည့် ၂၀၂၃ တရုတ်-အာဆီယံ ပိုးလမ်းမ အီးကောမတ်စ်ဖိုရမ်သို့ တက်ရောက်၍ အမှာစကားပြောကြားခဲ့ပါသည်။