စစ်ကိုင်းပညာရေးတက္ကသိုလ်မှ ဆရာ၊ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများအတွက် မူပိုင်ခွင့်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ
နေပြည်တော်၊ ဒီဇင်ဘာလ ၁၆
မူပိုင်ခွင့်ဆိုင်ရာအသိပညာပေးဟောပြောပွဲကို စစ်ကိုင်းပညာရေးတက္ကသိုလ်မှ ပါမောက္ခချုပ် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများကို ဖိတ်ကြား၍ ၁၆-၁၂-၂၀၂၅ ရက်နေ့၊ ရုံးအမှတ် (၅၂)၊ မူပိုင်ခွင့် ဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ စုစုပေါင်း (၂၈၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။
ဟောပြောပွဲတွင် မူပိုင်ခွင့်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးလင်းအောင်ဆွေက မိတ်ဆက်စကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံတွင်အာဏာသက်ဝင်ပြီးဖြစ်သော မူပိုင်ခွင့်ဥပဒေများဖြစ်သည့် တီထွင်မှုမူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေနှင့် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေများအပေါ် အခြေခံသိရှိထားရမည့် အချက်အလက်များနှင့်စပ်လျဉ်းသည့် သိကောင်းစရာများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက မေးမြန်းခြင်းများအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
