Myanmar Tradenet 2.0 စနစ် အသုံးပြုမှုစနစ်ရှင်းလင်းပွဲဖိတ်ကြားခြင်း

Fri, 10/23/2020 - 09:37 -- dotadmin

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး၀န်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ လက်ရှိဆောင်ရွက်ပေးနေသည့် ပို့ကုန်သွင်းကုန်လိုင်စင်နှင့်ဆက်စပ်သည့် ဝန်ဆောင်မှုများကို နည်းပညာအဆင့်မြှင့်တင်ထားရှိပြီး တစ်နေရာတည်းတွင်ဆောင်ရွက်နိုင်ခြင်း၊ ကုန်သွယ်မှုဆက်စပ်ဌာနများနှင့် API စနစ်ဖြင့် ဒေတာချိတ်ဆက်ခြင်းအပါအဝင် အောက်ပါလုပ်ငန်းရပ်များကို အွန်လိုင်းမှအပြည့်အဝ အသုံးပြုနိုင်မည်ဖြစ်ပါသည် -

- Myanmar Tradenet Member လျောက်ထားမှု

- ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်ကဒ် နှင့်ဆက်စပ်ကဒ်များ လျောက်ထား ထုတ်ပေးမှု

- ပို့ကုန်သွင်းကုန်လိုင်စင်ပါမစ်လျောက်ထားထုတ်ပေးမှု

- သက်ဆိုင်ရာအစိုးရဌာနများ/အဖွဲ့အစည်း(၄၀)ကျော်မှ စနစ်အတွင်း ဝင်ရောက်အသုံးပြုနိုင်မှု

- ကုန်သွယ်မှုဆက်စပ်ဌာနများနှင့် အီလက်ထရောနစ်ဒေတာ (API) စနစ်ဖြင့် ချိတ်ဆက်ရယူ ပေးပို့ မှု။

- ငွေကြေးပေးချေမှုအတွက် (MPU eCommerce Pay) ဖြင့်ပေးချေနိုင်မှု

- ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် (CO Form) လျှောက်ထားမှု

 

Myanmar Tradenet 2.0 စနစ် အား ၂၀၂၀ နိုဝင်ဘာလ မှစတင်ပြီး အဆင့်လိုက်ခွင့်ပြု ဆောင်ရွက်သွားမည်ဖြစ်သဖြင့် စနစ်အသုံးပြုမှုနှင့် ပတ်သက်သည့် ရှင်းလင်းပွဲအား (၂၈-၁၀-၂၀၂၀)ရက် (ဗုဒ္ဓဟူးနေ့) (၁၀၀၀) အချိန် မှ (၁၂၀၀) အချိန်ထိ Awareness Webinar Meeting ကျင်းပပြုလုပ်မည် ဖြစ်ပါ၍ ကုန်သွယ်မှုလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်နေသူများ ကုမ္ပဏီလုပ်ငန်းရှင်များအနေဖြင့် တက်ရောက်ပေးနိုင်ပါရန် https://us02web.zoom.us/.../reg.../WN_bXxQwQx-TvehLdzqdcfQaw တွင် Register ပြုလုပ်ပြီးတက်ရောက်နိုင်ပါကြောင်း တက်ရောက်နိုင်သည့် လူဉီးရေအကန့်အသတ်ရှိသည့်အတွက်ကြိုတင် Register ပြုလုပ်ထားနိုင်ပါရန်နှင့် အသိပေး အကြောင်းကြားအပ်ပါသည်။

 

Myanmar Tradenet 2.0 စနစ်၏ တရားဝင်အသုံးပြမှုအားအသိပေးခြင်း Offical Launching အား ၂၀၂၀ နိုဝင်ဘာလအတွင်း ပြုလုပ်သွားမည်ဖြစ်ပါသည်။

 

အသေးစိတ်သိရှိလိုပါက https://www.facebook.com/groups/1666718966823785 Tradenet2.0 Group တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

နောက်ဆုံးရသတင်းများ

Pages