TFA Enquiry Point

Mon, 01/15/2024 - 07:48 -- wtodep

TFA Enquiry Point အကြောင်း

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှ ပြဋ္ဌာန်းထားသည့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး သဘောတူညီချက်ပါ ပုဒ်မ (၁.၃) အရ အဖွဲ့ဝင်/စာချုပ်ဝင်များသည် စိတ်ပါဝင်စားသော နိုင်ငံများ/ အဖွဲ့အစည်းများမှ မေးမြန်းလာသည့် စုံစမ်းမေးမြန်းမှုများကို ဖြေကြားနိုင်ရန်နှင့် ကုန်သွယ်မှုနှင့် ဆက်နွယ်သော သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ ပံ့ပိုးပေးနိုင်ရန် National Enquiry Point များ တည်ထောင်ရန်နှင့် ယင်း National Enquiry Point များမှတစ်ဆင့် ဝန်ဆောင်မှုပေးနိုင်သည့် ကျွမ်းကျင်ဝန်ထမ်းများထားရှိရန် ဟူသော ပြဋ္ဌာန်းချက်အရ TFA Enquiry Point အား ဖွဲ့စည်းတည်ထောင်ရခြင်း ဖြစ်ပါသည်။

Enquiry Point ထားရှိရသည့် ရည်ရွယ်ချက်

စိတ်ပါဝင်စားသည့်အဖွဲ့အစည်းများမှ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး သဘောတူညီချက်အောက်ရှိ ကုန်သွယ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် သက်ဆိုင်သည့်သတင်းအချက်အလက်များ၊ စာရွက်စာတမ်းများနှင့်စပ်လျဉ်း၍ မေးမြန်းလာသည့် စုံစမ်းမေးမြန်းမှုများကို အချိန်နှင့်တစ်ပြေးညီ ဖြေကြားနိုင်ရန်အတွက် ဖြစ်ပါသည်။

စုံစမ်းမေးမြန်းရန်နေရာ

အတွင်းရေးမှူးရုံး၊ အမျိုးသားအဆင့်ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးကော်မတီ

ရုံးအမှတ် (၃)၊ စီးပွား​ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်

ဖုန်း- ၀၆၇-၃၄၀၈၄၁၁

ဖက်စ် - ၀၆၇-၃၄၀၈၃၁၁

အီးမေးလ် - [email protected]

စုံစမ်းမေးမြန်းနိုင်သည့်နည်းလမ်း

စိတ်ပါဝင်စားသည့်နိုင်ငံ၊ အဖွဲ့အစည်းများအနေဖြင့် မေးမြန်းလိုသည့်အကြောင်းအရာအား လျှောက်လွှာတွင် ဖြည့်စွက်၍ စုံစမ်းမေးမြန်းရန်နေရာ၌ ဖော်ပြထားသည့်အီးမေးလ် ([email protected]) သို့မဟုတ် ဖက်စ် (၀၆၇-၃၄၀၈၃၁၁) မှ တစ်ဆင့် မေးမြန်းနိုင်ပါသည်။

စုံစမ်းမေးမြန်းမှုများအား ပြန်လည်ဖြေကြားခြင်း

TFA Enquiry Point အနေဖြင့် လျှောက်လွှာမှတစ်ဆင့် ဖြည့်စွက်၍ မေးမြန်းလာသည့် မေးခွန်းများကို လက်ခံရရှိပြီး ရက်ပေါင်း (၃၀) အတွင်း ဖြေကြားပေးပါသည်။ ထူးခြားသည့်အခြေအနေရှိပါက ဖြေကြားချက်နှင့်အတူ နောက်ကျရသည့်အကြောင်းရင်းအား ရက်ပေါင်း (၄၅) ရက်အတွင်း ဖြေကြားပေးပါသည်။