Myanmar Tradenet Member ယာယီသက်တမ်းတိုးပေးထားသည့် ကုမ္ပဏီများ Member ကြေးပြန်လည်ပေးသွင်းရန် အသိပေးကြေငြာချက်

Mon, 08/24/2020 - 05:07 -- dotadmin

ကုန်သွယ်ရေးဦးစီးဌာန၏ Myanmar Tradenet Website မှတစ်ဆင့် Fully Online စနစ်ဖြင့် ပို့ကုန် သွင်းကုန်လိုင်စင်များနှင့် Online CO Form များ လျှောက်ထားရာတွင် လွယ်ကူအဆင်ပြေစေရန် အတွက် ၂၀-၅-၂၀၂၀ ရက်နေ့မှ ၃၁-၇-၂၀၂၀ ရက်နေ့ထိ Myanmar Tradenet  အသင်းဝင်ခြင်းနှင့် သက်တမ်းတိုးခြင်းများလျှောက်ထားလာသည့် ကုမ္ပဏီ ၁၁၄၆ ခုကို ဌာနအနေဖြင့် ယာယီသက် တမ်းတိုး ဆောင်ရွက်ပေးထားခဲ့ပါသည်။

 

ယခုအခါ Myanmar Tradenet Member ယာယီသက်တမ်းတိုးပေးထားသည့် ကုမ္ပဏီများကို ၁-၈-၂၀၂၀ ရက်နေ့မှ 31-8-2020 ရက်နေ့အထိ Member ကြေးများ ပြန်လည်ပေးသွင်းရန် ကုမ္ပဏီများသို့ email ပေးပို့ အကြောင်းကြားထားပြီးဖြစ်ပါသည်။ သို့သော်လည်း ၂၀-၈-၂၀၂၀ ရက်နေ့ထိ Member ကြေးပြန်လည် ပေးသွင်းရန် ကုမ္ပဏီ(၅၀၁) ခုကျန်ရှိနေပါသည်။

 

သတ်မှတ်နောက်ဆုံးရက်ထိ Member ကြေးများ ပြန်လည်ပေးသွင်းခြင်းမရှိသည့် ကုမ္ပဏီများ အနေဖြင့် Fully Online License များ၊ Online CO Form များကို လျှောက်ထားနိုင်မည် မဟုတ်ပါကြောင်းနှင့် သတ်မှတ်ရက်ကျော်လွန်မှ Member ကြေးများပြန်လည်ပေးသွင်းလာပါက ယာယီသက်တမ်းတိုးပေးထားခြင်း မပြုလုပ်မီကသက်တမ်းဖြင့်သာ ပြန်လည်သက်တမ်းတိုးပေး သွားမည်ဖြစ်သည်။

 

Member ကြေးများပေးသွင်းရမည့် ကုမ္ပဏီများအနေဖြင့် အချိန်မီ သက်တမ်း တိုးကြေးပေးသွင်းကြပါရန် အသိပေးကြေငြာအပ်ပါသည်။

 

နောက်ဆုံးရသတင်းများ

Pages