လျှပ်စစ်သုံးမော်တော်ယာဉ်များ ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိ

Fri, 04/12/2024 - 04:22 -- mocadmin

နေပြည်တော်၊ ဧပြီ ၁၁

   အမျိုးသားအဆင့်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် UV Automotive Co., Ltd. မှ တင်သွင်းလာ‌သော တရုတ် နိုင်ငံထုတ် HONGQI EQM5 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ Asia Pacific Automaker Corporation Co.,Ltd မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် DONGFENG NISSAN အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များနှင့် Chin Dwin Shan Construction Co.,Ltd မှ တင်သွင်းလာသော တရုတ် နိုင်ငံထုတ် BYD SEAGULL အမျိုးအစားလျှပ်စစ်သုံးမော်တော်ယာဉ်များ၊ BYD E2 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာပါသဖြင့် (၁၁-၄-၂၀၂၄) ရက် နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပါကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

Pages