တရုတ်နိုင်ငံ၊ နန်နင်းမြို့၊ မြန်မာစီးပွားရေးသံမှူးရုံးတွင် A1-2 Sortexed အမျိုးအစား မြန်မာဆန်ကွဲ မက်ထရစ်တန်ချိန်(၃၀၀) ဝယ်ယူရန် အရောင်းအဝယ်စာချုပ်တစ်ရပ်လက်မှတ်ရေးထိုးခဲ့

Thu, 10/22/2020 - 08:32 -- dotadmin

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နန်နင်းမြို့ရှိ မြန်မာစီးပွားရေးသံမှူးရုံးတွင် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၁၇)ရက်နေ့ နံနက်ပိုင်း၌ ကွမ်ရှီး (ကျွမ့်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ Guangxi ShengWeiDa International Trading Co., Ltdက  မြန်မာနိုင်ငံဘက်မှ တရုတ်နိုင်ငံသို့ ဆန်နှင့်ဆန်ကွဲ တရားဝင်တင်သွင်းခွင့်ရရှိ ထားသော Adipati Agricultural Produce Trading Limitedထံမှ A 1-2 Sortexed အမျိုးအစား ဆန်ကွဲမက်ထရစ်တန်(၃၀၀)အား တစ်တန်လျှင်အမေရိကန်ဒေါ်လာ (၃၄၅)ဖြင့် ဝယ်ယူသည့်စာချုပ်တစ်ရပ်အား လက်မှတ်ရေးထိုးခဲ့ပါသည်။

 

Guangxi ShengWeiDa International Trading Co., သည် Adipati Agricultural Produce Trading Limitedထံမှ A 1-2 Sortexed အမျိုးအစားနှင့် B 1-2 Sortexed အမျိုးအစား ဆန်ကွဲများအား အရည်အသွေးကောင်းမွန်သောကြောင့် ဝယ်ယူ တင်သွင်းလျက်ရှိပါသည်။  ယခုနှစ်အတွင်း Guangxi ShengWeiDa International Trading Co.,က မြန်မာနိုင်ငံမှ A 1-2 Sortexed အမျိုးအစားဆန်ကွဲ  (၁,၈၅၀)တန်နှင့် B 1-2 Sortexed အမျိုးအစား ဆန်ကွဲ (၁၀၀)တန်၊ စုစုပေါင်း (၁,၉၅၀)အား ဝယ်ယူထား ပြီးဖြစ်ပါသည်။ မြန်မာဘက်နှင့် ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ရာတွင် ဗွီဒီယိုဖြင့် ချိတ်ဆက် ဆွေးနွေးနိုင်စေရန်နှင့် ကုန်ပစ္စည်းအကြောင်း ရှင်းလင်းပြောကြားမှုအား သိရှိနိုင်စေရန် စီးပွားရေးသံမှူးနှင့် ရုံးမှ ဘာသာပြန်ဝန်ထမ်းတို့က ပံ့ပိုးကူညီမှုများပြုလုပ်ခဲ့ပါသည်။

 

သို့ဖြစ်ပါ၍ Guangxi ShengWeiDa International Trading Co., Ltdနှင့်  မြန်မာနိုင်ငံမှ Adipati Agricultural Produce Trading Limitedတို့အကြား A 1-2 Sortexedအမျိုးအစား ဆန်ကွဲမက်ထရစ်တန်ချိန် (၃၀၀) ဝယ်ယူတင်သွင်းရန် အရောင်း အဝယ်စာချုပ်တစ်ရပ်ချုပ်ဆိုခဲ့မှုအပေါ် သိရှိနိုင်ပါရန်နှင့် လမ်းညွှန်မှုပြုနိုင်ပါရန် တင်ပြအပ် ပါသည်။

 

ဒေါက်တာရွှေစင်ကို

နန်နင်းမြို့

နောက်ဆုံးရသတင်းများ

Pages