အစိုးရ-ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေးကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန-၂၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး အမျိုးသားပို့ကုန်မဟာဗျူဟာအစိုးရ-ပုဂ္ဂလိကပို့ကုန်မြှင့်တင်ရေးကော်မတီ၂/ ၂၀၂၄ကြိမ်မြောက်အစည်းအဝေးသို့တက်ရောက်

Thu, 04/11/2024 - 04:51 -- mocadmin

   အမျိုးသားပို့ကုန်မဟာဗျူဟာ အစိုးရ-ပုဂ္ဂလိကပို့ကုန်မြှင့်တင်ရေးကော်မတီ၏ ၂/၂၀၂၄ ကြိမ် မြောက်အစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့တွင် ရုံးအမှတ်-၃၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ-၂ ၌ ကျင်းပပြုလုပ်ခဲ့ရာ အမျိုးသားပို့ကုန်မဟာဗျူဟာ အစိုးရ-ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေးကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန-၂၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်အမှာစကားပြောကြားခဲ့သည်။

   အစည်းအဝေးတွင် အမျိုးသားပို့ကုန်မဟာဗျူဟာ အစိုးရ-ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေး ကော် မတီဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားရာတွင် အမျိုးသားပို့ကုန်မဟာဗျူဟာ ဒုတိယအဆင့်ဖြစ် သော ၂၀၂၀-၂၀၂၅ ကာလအတွက် ကဏ္ဍ (၁၈)ခုကို ထိရောက်စွာအကောင်အထည်ဖော်ရန် အစိုးရ-ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေးကော်မတီက ဆက်လက်ကြိုးပမ်း ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ ကဏ္ဍ အလိုက်ဖွဲ့စည်းထားသည့် ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီများ ကျစ်လစ်စွာပြန်လည်ဖွဲ့စည်းရေး၊ ကဏ္ဍအလိုက်လုပ်ငန်းစီမံချက်များအနက် လက်တွေ့လျင်မြန်စွာ အကျိုးဖြစ်ထွန်းနိုင်မည့် လုပ်ငန်း စဉ်များ (Quick Win)ရွေးချယ် ဆောင်ရွက်နိုင်ရေးတို့ကို ဦးစွာဆောင်ရွက်ထားရှိပြီး အကောင် အထည်ဖော်ကြရမှာဖြစ်ကြောင်း၊ ဦးစားပေးရွေးချယ်ဆောင်ရွက်မည့်လုပ်ငန်းများက ပို့ကုန်တိုးမြှင့် တင်ပို့နိုင်ရေးကို အချိန်တိုအတွင်း အထောက်အကူပြုနိုင်မည့် လုပ်ငန်းများဖြစ်ရန်လည်း လိုအပ်ပါ ကြောင်း၊ အထောက်အကူပြုကဏ္ဍများ၏ ပံ့ပိုးပေးနိုင်မှုများကလည်း ပို့ကုန်တင်ပို့မှု လွယ်ကူချော မွေ့စေရေးအတွက် လွန်စွာအရေးပါသည့် လုပ်ငန်းစဉ်များဖြစ်သဖြင့် ဟန်ချက်ညီစွာ ဆောင်ရွက်ကြ ရန်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

   ဆက်လက်၍ ကော်မတီတွဲဖက်အတွင်းရေးမှူး-၁ ဖြစ်သူ မြန်မာကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်က အမျိုးသားပို့ကုန်မဟာဗျူဟာ ကဏ္ဍအလိုက်ကော်မတီများ ပြန်လည် ဖွဲ့စည်းမှုပိုင်းနှင့် လုပ်ငန်းစီမံချက်များ ပြင်ဆင်ရေးဆွဲမှုများကို အကျဉ်းချုပ်ရှင်းလင်းတင်ပြပါသည်။

   ထို့နောက် ကဏ္ဍအလိုက်ကော်မတီဥက္ကဌများက သက်ဆိုင်ရာကဏ္ဍများအလိုက် ကော်မတီ များ ပြန်လည်ဖွဲ့စည်းထားရှိမှုနှင့် လုပ်ငန်းစီမံချက်များ ပြင်ဆင်ရေးဆွဲဆောင်ရွက်ထားမှုများ၊ ဦးစား ပေးဆောင်ရွက်မည့်လုပ်ငန်းများ ရွေးချယ်ထားရှိမှုများကို ရှင်းလင်းတင်ပြကြရာ အမျိုးသားပို့ကုန် မဟာဗျူဟာ အစိုးရ - ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေး ကော်မတီအဖွဲ့ဝင်များက ပြန်လည်သုံးသပ် ဆွေးနွေးကြပြီး ဆွေးနွေးတင်ပြမှုများအပေါ် ပို့ကုန်မြှင့်တင်ရေး ကော်မတီဥက္ကဋ္ဌက ဖြည့်စွက်ဆွေး နွေးပြီ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့်ပတ်သက်၍ လမ်းညွှန်မှာကြားကာ အစည်း အဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။  

နောက်ဆုံးရသတင်းများ

Pages