ပို့ကုန်တိုးမြှင့်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

Thu, 04/11/2024 - 04:55 -- mocadmin

နေပြည်တော်၊ ဧပြီ ၁၀

   နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပို့ကုန်မြှင့်တင်ရေးလုပ်ငန်း များကို အလေးပေးဆောင်ရွက်လျက်ရှိရာ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI) တို့ပူးပေါင်းစီစဉ်၍ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၀ ရက် နေ့တွင် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများဖြစ်သော ဆူးလေဆိပ်ကမ်း၊ ယခင်ဗိုလ်အောင်ကျော် ဆိပ်ကမ်း (The Myanmar Terminal - TMT)၊ မြန်မာစက်မှုဆိပ်ကမ်း- ၂ (MIP2)၊ မင်းထက်မင်း (MHM) ဆိပ်ကမ်းနှင့် အလုံအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း- ၃ (AIPT3) တို့မှ သင်္ဘော ၅ စီးဖြင့် ပြောင်းဖူးစေ့တန်ချိန် ၇၄,၅၀၀ တန်အား တင်ပို့ခဲ့ပါသည်။

   အလားတူ အေးရှားဝေါလ်ဆိပ်ကမ်းမှ ၁၀-၄-၂၀၂၄ ရက်နေ့တွင် ရေထွက်ကုန်ပစ္စည်းများ၊ ဆန်၊ ပဲ၊ ချုပ်ပြီးအဝတ်အထည်၊ သစ်‌တောထွက်ပစ္စည်း၊ သကြား၊ နှမ်း၊ ပြောင်း၊ ရော်ဘာနှင့် အထွေထွေကုန်ပစ္စည်းများကို တင်ပို့သွားမည်ဖြစ်ပါသည်။

   ၎င်းအပြင် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့တွင် မင်းထက်မင်းဆိပ်ကမ်း (MHM) မှ သင်္ဘော ၂ စီးဖြင့် ပြောင်းဖူးစေ့ တန်ချိန် ၅,၄၀၀ တန်နှင့် ဧပြီလ ၁၅ ရက်နေ့တွင်လည်း Yangon International Gateway Terminal - YIGT ဆိပ်ကမ်းမှ ပြောင်းဖူးစေ့တန်ချိန် ၁၄,၅၀၀ တန်တို့ကို ဆက်လက် တင်ပို့သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းများ

Pages