ပို့ကုန်တိုးမြှင့်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

Tue, 04/09/2024 - 03:40 -- mocadmin

နေပြည်တော်၊ ဧပြီလ        နိုင်ငံတော်အနေဖြင့်  နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပို့ကုန်မြှင့်တင်ရေးလုပ်ငန်းများကို အလေးပေးဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့ တွင် ဆူးလေဆိပ်ခံတံတားအမှတ် ၆ (SPW-6) မှ MV. MANTA HATICE သင်္ဘောဖြင့် ပြောင်းဖူးစေ့ တန်ချိန် ၂၅,၀၀၀ အား ဖိလစ်ပိုင်နိုင်ငံသို့ လည်းကောင်း၊ TMT ဆိပ်ကမ်းမှ MV. TAY SON-4 သင်္ဘောဖြင့် ပြောင်းဖူးစေ့တန်ချိန် ၁၂,၇၀၀ အား ထိုင်းနိုင်ငံသို့ လည်းကောင်း၊ မြန်မာ့စက်မှုဆိပ်ကမ်း (MIP-2) MV. SEIYO HARMONY သင်္ဘောဖြင့် ပြောင်းဖူးစေ့ တန်ချိန် ၂၇,၅၀၀ အား အိန္ဒိယနိုင်ငံ သို့လည်းကောင်း၊ MHM ဆိပ်ကမ်းမှ MV. MCL – 20 သင်္ဘောဖြင့် ပြောင်းဖူးစေ့ တန်ချိန် ၂,၇၀၀ အား ထိုင်းနိုင်ငံသို့လည်းကောင်း အသီးသီးတင်ပို့သွားမည် ဖြစ်ပါသည်။

           ၎င်းအပြင် MITT-1 ဆိပ်ကမ်းမှ MV. MAERSU DAVAO သင်္ဘောသည် ၈-၄-၂၀၂၄ ရက်နေ့ တွင် ရေထွက်ကုန်ပစ္စည်းများ၊ ဆန်၊ ပဲ၊ အဝတ်အထည်၊ သစ်‌တောထွက်ပစ္စည်း၊ သကြား၊ နှမ်း၊ ပြောင်း၊ ရော်ဘာနှင့် အထွေထွေကုန်များကို ကုန်သေတ္တာ ၆၂၁ လုံးဖြင့် မလေးရှားနိုင်ငံသို့လည်း ကောင်း၊ AWPT ဆိပ်ကမ်းမှ MV. SITC CHENMING သင်္ဘောသည် ၈-၄-၂၀၂၄ ရက်နေ့တွင် ရေထွက် ကုန်ပစ္စည်းများ၊ ဆန်၊ ပဲ၊ ချုပ်ပြီးအဝတ်အထည်၊ သစ်တောထွက်ပစ္စည်း၊ သကြား၊ ပြောင်းနှင့် ရော်ဘာများကို ကုန်သေတ္တာ ၅၃၃ လုံးဖြင့် ဗီယက်နမ်နိုင်ငံသို့လည်းကောင်း တင်ဆောင်ပြီး ထွက်ခွာမည် ဖြစ်ပါသည်။

           အလားတူ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့တွင် MHM ဆိပ်ကမ်းမှ MV.MCL- 8 သင်္ဘောဖြင့် ပြောင်းဖူးစေ့တန်ချိန် ၂,၇၀၀ အား ထိုင်းနိုင်ငံသို့လည်းကောင်း၊ MHM ဆိပ်ကမ်းမှ MV. MCL- 7 သင်္ဘောဖြင့် ပြောင်းဖူးစေ့တန်ချိန် ၂,၇၀၀ အား ထိုင်းနိုင်ငံသို့လည်းကောင်း၊ ဧပြီလ ၁၀ ရက်နေ့တွင် AIPT-3 ဆိပ်ကမ်းမှ MV. RAINBOW SYMPHONY သင်္ဘောဖြင့် ပြောင်းဖူးစေ့တန်ချိန် ၆,၆၀၀ အား ဖိလစ်ပိုင်နိုင်ငံသို့လည်းကောင်း ဆက်လက်တင်ပို့သွားမည်ဖြစ်ကြောင်းနှင့် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့ကလည်း SPW-3 ဆိပ်ကမ်းမှ MT. TURAN C သင်္ဘောဖြင့် ဆန် တန်ချိန် ၁၂,၀၀၀ အား စပိန်နှင့် ကင်မရွန်းနိုင်ငံများသို့ တင်ပို့ခဲ့ကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းများ

Pages