စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ (၁၉) ကြိမ်မြောက် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲ အခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ တက်ရောက်အားပေး

Fri, 02/16/2024 - 03:49 -- mocadmin

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၅

   ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့၊ (၁၅:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ခဲ့သည့် ဝန်ကြီးဌာန၏ (၁၉) ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ အခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ တက်ရောက်အားပေး အမှာစကားပြောကြားခဲ့ သည်။

   အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယခုကဲ့သို့ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲအား ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ မြန်မာတို့၏ ရိုးရာယဉ်ကျေးမှု အစဉ်အလာကို ထိန်းသိမ်းရန်၊ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ဝန်ထမ်းများ စည်းလုံးပျော် ရွှင်စွာ အတူတကွပူးပေါင်းဆောင်ရွက်ခြင်း အလေ့အထများရရှိစေရန်နှင့် ဝန်ထမ်းများ၏ ကိုယ်ကာယ ကျန်းမာကြံ့ခိုင်ရှိစေရန်အတွက် ကျင်းပပြုလုပ်ခြင်းဖြစ်ပါကြောင်းနှင့် ဝန်ထမ်းများ အနေဖြင့်လည်း မိမိတို့၏ လုပ်ငန်းတာဝန်များကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ စည်းလုံးညီညွတ် ပျော်ရွှင်စွာဖြင့် ကြိုးပမ်းဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။

   ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့်ဌာနဆိုင်ရာ အကြီးအကဲများမှ ဦးစီးဌာနများအလိုက် ပြိုင်ပွဲဝင်အသင်းများ၏ တပျော်တပါး ထမနဲထိုးယှဉ်ပြိုင် နေမှုကိုလိုက်လံကြည့်ရှုအားပေးခဲ့ပြီး ဆုရရှိသည့်အသင်းများအား ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယ ဝန်ကြီးတို့က ဆုများ အသီးသီးချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းများ

Pages