စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်နိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ

Mon, 02/19/2024 - 10:04 -- mocadmin

၁၉-၂-၂၀၂၄၊ နေပြည်တော်

   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်၊ ၁၁:၀၀ နာရီအချိန်တွင် မြန်မာနိုင်ငံ ဆိုင်ရာ ဘယ်လာရုစ်နိုင်ငံ သံအမတ်ကြီးဖြစ်သူ H.E. Mr. Uladzimir Baravikou အား ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

   တွေ့ဆုံစဉ် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုပိုမိုခိုင်မြဲရေးနှင့် မြန်မာနိုင်ငံ၏ အဓိကလယ်ယာ ထွက်ကုန်များဖြစ်သော ဆန်၊ ပဲမျိုးစုံနှင့် ချုပ်ပြီး အထည်များ တိုးမြှင့်တင်ပို့နိုင်ရေး၊ ဘယ်လာရုစ် နိုင်ငံမှ နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုများဖိတ်ခေါ်ပြီး အပြန်အလှန် ကုန်သွယ်မှုတိုးမြှင့်ရေးအတွက်  ပူးပေါင်းဆောင် ရွက်သွားနိုင်ရေးတို့အား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

   အဆိုပါတွေ့ဆုံပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမင်းမင်း၊ ညွှန်ကြား‌ရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းများ

Pages