စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ ဝန်ကြီးဌာနမှ နေပြည်တော်လမ်းလျှောက်သင်္ကြန်၌ ပါဝင်ဆင်နွှဲရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး

Fri, 04/12/2024 - 04:23 -- mocadmin

နေပြည်တော်၊ ဧပြီ ၁၁        

   ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့ (၁၃:၀၀) အချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ဒုတိယဝန်ကြီး ဦးမင်းမင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ နေပြည်တော်လမ်းလျှောက်သင်္ကြန်တွင် ဝန်ကြီး ဌာနမှ ပါဝင်ဆင်နွှဲရန်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့သည်။          နေပြည်တော်လမ်းလျှောက်သင်္ကြန်တွင် ဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် ပြည်သူများ စိတ်ပျော်ရွှင်ချမ်းမြေ့စွာ ရေကစားနိုင်ရန်အတွက် မဏ္ဍပ်တည်ဆောက်နေမှု၊ စတုဒီသာ ကျွေးမွေးနိုင်ရန်အတွက် ပြင်ဆင်ဆောင်ရွက်နေမှုများ၊ ရေပက်လောင်းရန်ပြင်ဆင်ထားမှု၊ ရေပြတ် လပ်မှုမရှိစေရေး စီမံဆောင်ရွက်ထားရှိမှု၊ ယိမ်းအဖွဲ့ဖျော်ဖြေကပြရန် စီစဉ်ထားရှိမှု၊ စည်းကမ်း ထိန်း သိမ်းရေးအဖွဲ့ ဖွဲ့စည်းထားရှိမှုနှင့် သင်္ကြန်ပွဲတော်သို့ လာရောက်သူများအတွက် ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးနိုင်ရန် စီမံထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေး ကာ လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းများ

Pages